Main menu

ကယားရိုးရာ ချည်ထည်ဈေးကွက် အနည်းငယ်မြှင့်တက်

Powered by Drupal

              ကယားပြည်နယ်ဒေသထွက် ပစ္စည်းတစ်မျိုးဖြစ်သည့် ကယားရိုးရာချည်ထည်ကို ကယားပြည်နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားများအားလုံး အမြတ်တနိုးဝတ်ဆင်ကြသည့်အပြင် အခြားဒေသများသို့လည်း တင်ပို့လျှက်ရှိကြောင်း၊ ချည်ထည်များမှာ အသားအေးပြီး ပေါ့ပါးသဖြင့် ဝတ်ဆင်သူတိုင်း လူကြိုက်များလျှက်ရှိကြောင်း၊ ယခုလက်ရှိ ဈေးကွက်အတွင်း ကယားချည်ထည်ဈေးနှုန်းများမှာ ပုံမှန်ချည်အမျိုးသားဝတ်တစ်ကွင်းလျှင် (၆၅၀၀)ကျပ်၊ အမျိုးသမီးဝတ်တစ်ကွင်းလျှင် (၅၅၀၀)ကျပ် ၊အမျိုးသမီးဝတ် ဝမ်းဆက်တစ်စုံလျှင်(၈၅၀၀)ကျပ် ၊၂/၁၀၀ ချည်ချောအမျိုးသားဝတ် တစ်ကွင်းလျှင် (၁၁၀၀၀)ကျပ် ၊ အမျိုးသမီးဝတ်တစ်ကွင်းလျှင် (၈၀၀၀)ကျပ် ၊အမျိုးသမီးဝတ် ဝမ်းဆက်တစ်စုံလျှင် (၁၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပြီး ယခင်နှစ်ဈေးကွက်အတွင်း  ပုံမှန်ချည် အမျိုးသားဝတ် တစ်ကွင်းလျှင် (၅၅၀၀)ကျပ်၊ အမျိုးသမီးဝတ်တစ်ကွင်းလျှင် (၄၅၀၀)ကျပ် ၊အမျိုးသမီးဝမ်းဆက် တစ်စုံလျှင် (၇၅၀၀)ကျပ် ၊၂/၁၀၀ ချည်ချော အမျိုးသားဝတ် တစ်ကွင်းလျှင်(၇၀၀၀)ကျပ်၊ အမျိုးသမီးဝတ်တစ်ကွင်းလျှင် (၆၅၀၀)ကျပ်၊ ဝမ်းဆက်တစ်စုံလျှင်(၁၀၀၀၀)ကျပ်ခန့်သာရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ပုံမှန်ချည် အမျိုးသား/ အမျိုးသမီးဝတ်တစ်ကွင်းလျှင် (၁၀၀၀)ကျပ်၊ ဝမ်းဆက်တစ်စုံလျှင် (၂၀၀၀)ကျပ်၊ ၂/၁၀၀ ချည်ချော အမျိုးသားဝတ် တစ်ကွင်းလျှင်(၃၀၀၀)ကျပ်၊ အမျိုးသမီး ဝတ်တစ်ကွင်းလျှင် (၁၅၀၀)ကျပ်၊ အမျိုးသမီးဝမ်းဆက်တစ်စုံလျှင်(၅၀၀၀)ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း၊‌ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ ကုန်ကြမ်းပစ္စည်း ချည်ဈေးနှုန်း၊ လုပ်သားခ၊ သယ်ယူစရိတ်များ မြှင့်တက်လာ၍ ကုန်ကျစရိတ်များ များလာခြင်းကြောင့်ဖြစ်သည့်ဟု ကယားရိုးရာချည်ထည် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)