Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
03 Nov 2023

     တောင်ငူမြို့တွင် ယူရီးယားလုံးကြီး ဓါတ်မြေဩဇာများဖြစ်သော နေရွက်လှေတံဆိပ်မှာ တစ်အိတ်လျှင် ၇၇၀၀၀ ကျပ်၊ Good Luck တံဆိပ်မှာ ၇၈၀၀၀ ကျပ်၊ Rainbow တံဆိပ်မှာ ၈၁၀၀၀ ကျပ်၊ ရွှေကောမတ် 10:20:20 ကွန်ပေါင်းဓါတ်မြေဩဇာမှာ တစ်အိတ်လျှင် ၆၈၀၀၀ ကျပ်၊ 15:15:15 ကွန်ပေါင်းဓါတ်မြေဩဇာမှာ တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်၊ Flat Plus (Farm Lieknd) ပိုးသတ်ဆေးမှာ တစ်လီတာလျှင် ၄၆၅၀၀ ကျပ် အသီးသီးရှိပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။.

03 Nov 2023

     တောင်ငူမြို့တွင် ယခုလအစောပိုင်းက ဘိလပ်မြေတစ်အိတ်ဈေးနှုန်းမှာ ကြံ့နှစ်ကောင် (အနီ) ၈၇၀၀ ကျပ်၊ ကြံ့နှစ်ကောင်(အစိမ်း) ၈၅၀၀ ကျပ်၊ ထိုင်းဆင် ၈၆၀၀ ကျပ်၊ Alpha ၈၄၀၀ ကျပ်၊ Apache ၈၃၀၀ ကျပ်၊ Rhino ၈၃၀၀ ကျပ်၊ Max ၈၀၀၀ ကျပ် ရှိပါသည်။

   ယခုလ လကုန်ပိုင်းတွင် ဘိလပ်မြေတစ်အိတ်ဈေးနှုန်းမှာ ကြံ့နှစ်ကောင် (အနီ) ၈၆၀၀ ကျပ်၊ ကြံ့နှစ်ကောင်(အစိမ်း) ၈၄၀၀ ကျပ်၊ ထိုင်းဆင် ၈၅၀၀ ကျပ်၊ Alpha ၈၃၀၀ ကျပ်၊ Apache ၈၂၀၀ ကျပ်၊ Rhino ၈၁၀၀ ကျပ်၊ Max ၇၉၀၀ ကျပ် ရှိပါသည်။

03 Nov 2023

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးကုန်စည်ဒိုင်သို့ နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို မကွေးမြို့နယ်အတွင်းရှိကျေးရွာများနှင့် ရေနံချောင်း၊ နတ်မောက်မြို့များအပြင် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများမှလည်း လာရောက်ရောင်းချကြကြောင်းသိရသည်။

03 Nov 2023

     တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြေပဲဆီမှာ ယခင်အောက်တိုဘာ တတိယပတ်က တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ရှိရှာမှ ယခုအောက်တိုဘာ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

03 Nov 2023

      တောင်ငူမြို့ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ယခု အောက်တိုဘာ စတုတ္ထပတ်တွင် ကြက်သား (အိမ်မွေးကြက်)မှာ အကောင်လိုက်ဈေး ၁၇၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၂၀၀၀၀ ကျပ်၊ စီပီကြက်မှာ တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၈၀၀၀ ကျပ်၊ အခြမ်းလိုက် ဈေး ၁၀၀၀၀ ကျပ်၊ ရင်အုပ်သား ၁၁၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

Pages