Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Feb 2025

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပဲဈေးကွက်၌ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ဒေသတွင်းစိုက်ခင်းများမှ ကုလားပဲသီးနှံများ စတင် ရိတ်သိမ်းချိန်ဖြစ်၍ ဈေးကွက်သို့ ကုလားပဲ(အသစ်)များ စတင်ဝင်ရောက်ပြီး ဈေးအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူဈေးကွက်သို့ ကုလားပဲသီးနှံစိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများအပြင် မန္တလေး

24 Feb 2025

          အမေရိကန်သမ္မတ Donald Trump သည် မော်တော်ယာဥ်တင်သွင်းမှုအပေါ်အခွန် ၂၅ ရာခိုင်နှုန်းခန့် စည်းကြပ်ရန်ရည်ရွယ်ထားကြောင်း အသေးစိတ်အချက်အလက်များကို ဧပြီလ ၂ ရက် နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့ ဖလော်ရီဒါပြည်နယ် Palm Beach ရှိ  ၎င်း၏ Mar-a-Lago အိမ်ရာတွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဆေးဝါး များနှင့် ချစ်ပ်ပြားများအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းခန့်ကို ကနဦးသတ်မှတ်မည်ဖြစ်ပြီး တစ်နှစ် အတွင်း သိသိသာသာမြင့်မားလာမည်ဖြစကြောင်း Tru

24 Feb 2025

ယူကရိန်းအရေးနှင့် ဖြစ်ပေါ်လာမည့် အမေရိကန်အကောက်ခွန်ကိစ္စများကို အဓိကထား ဆွေးနွေးရန်အတွက် ပြင်သစ်သမ္မတ Emmanuel Macron သည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည်ဖြစ်ကြောင်း ဥရောပရေးရာကိုယ်စားလှယ် Benjamin Haddad က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။ ပြင်သစ် ရုပ်မြင်သံကြား ချန်နယ် LCI သို့ပြောကြားချက် အရ Emmanuel Macron သည် ယူကရိန်းနှင့် ပတ်သက်၍ ယခု သီတင်းပတ်တွင် နှစ်ကြိမ် ပြောဆိုခဲ့ ပြီးဖြစ်ကြောင်းသိရသည်။ ယူကရိန်း၏အနာဂတ်ကို ယူကရိန်းသားများမပါဘဲ ဆုံးဖြတ်၍မရ‌ကြောင်း၊

24 Feb 2025

ကမ္ဘောဒီးယား အမျိုးသားဘဏ် (NBC) နှင့် မဒါဂတ်စကာ ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း NBC သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ သဘောတူညီချက်ကို NBC အုပ်ချုပ်ရေးမှူး Chea Serey နှင့် Madagascar ၏ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Aivo Andrianarivelo တို့သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့ က ဖနွမ်းပင်တွင် လက်မှတ်ရေးထိုးခဲ့သည်။ Serey သည် NBC ၏ လုပ်ငန်းလည်ပတ်မှုစနစ်များ အထူးသဖြင့် Bakong ငွေပေးချေမှုစနစ်အား နားလည်လိုကြောင်း ပြောကြားခဲ့သည့်

24 Feb 2025

တောင်ကိုရီးယားရှိ ပြည်တွင်းနှင့် ပြည်ပမှ ကားထုတ်လုပ်သည့် ကုမ္ပဏီငါးခုသည် ထုတ်လုပ်မှု ချို့ယွင်းချက်ကြောင့် ကားအစီးရေ ၇၆,၀၀၀ ခန့်ကို ဆန္ဒအလျောက် ပြန်လည်သိမ်းဆည်းမည် ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။ Kia ကော်ပိုရေးရှင်းသည် မှားယွင်းနေသော လေအိတ်စနစ်များအတွက် Niro လျှပ်စစ်ကား (EV) အပါအဝင် မတူညီသော မော်ဒယ်နှစ်ခု၏ ၃၅,၅၇၁ စီးကို ပြန်လည်သိမ်းဆည်းမည်ဖြစ်ကြောင်း မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏အဆိအရ သိရသည်။ BM

Pages