ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊လေးမျက်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ရာဘာစိုက်ပျိုးရေး၊ ဒေသထွက်စားသောက်ကုန်များထုတ်လုပ်ရောင်းချလျက်ရှိပြီး အိမ်တွင်းစီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ငန်းများကိုလည်းလုပ်ကိုင်လျက်ရှိကြပါသည်။စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက် နှာမြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးသည် ၂၂.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် လေးမျက်နှာမြို့၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၃)ရပ်ကွက်ရှိ “ဇင်ယော်” ဖိနပ်လုပ်ငန်းသို့သွားရောက်၍ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ပြည်ပပို့ကုန် ဆောင်းသီးနှံ ဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း စသည်တို့ကို နူန်းတင်မြေနုများတွင် အဓိကစိုက်ပျိုးထားကြောင်း သိရှိ ရပါသည်။ လေးမျက်နှာမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မတ်ပဲစိုက်ဧကမှာ ၄၄၄၇၆ ဧကစိုက်ပျိုးပြီး ၃၀၀၆၃ ဧက ရိတ်သိမ်းလျက်ရှိပါသည်။ မတ်ပဲစိုက်ပျိုးရာတွင် ပဲမျိုး၊ ပိုးသတ်ဆေး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ၉ သိန်းဝန်းကျင် ကုန်ကျပြီး ပျှမ်းမျှအထွက်နှုန်းမှာ ၂၅ တင်း ဝန်းကျင်ထွက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်၊ ဦးပုညလမ်း၊ ညောင်ပင်ဈေးရပ်ကွက်တွင် ဒေသထုတ်ကုန်ဖြစ်သော “ဖြူလေး” ဂျင်းသုပ်၊ငှက်ပျောကြော်လုပ်ငန်းအား ဇလွန်မြို့နယ် ဦးစီးမှူး ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စိမ်းမြသီတာ မှ (၂၁.၂.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြိုနယ်တွင် ပြည်ပပို့ကုန် ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ဧက ၆၇၁၅ ဧကစိုက်ပျိုးထားပြီး နူန်းတင်မြေနုများတွင် အဓိကစိုက်ပျိုးထားကြောင်းသိရှိရပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပဲတီစိမ်းစိုက်ပျိုးရာတွင် မျိုးစေ့အပေါ်မူတည်၍ တစ်ဧကလျှင် ၉ သိန်းဝန်းကျင် ကုန်ကျပြီး ပျှမ်းမျှအထွက်နှုန်းမှာ ၂၀ တင်း မှ ၂၅ တင်း ဝန်းကျင်ထွက်ရှိကြောင်း ဒေသခံ ပဲတီစိမ်းစိုက် ပျိုးသော တောင်သူများထံမှ သိရသည်။ ယခုအခါ အင်္ဂပူမြို့နယ်တွင် ပဲတီစိမ်းများထွက်ရှိပြီဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၏ မြေဩဇာကောင်းမွန်သော နှုန်းမြေပေါ်တွင် ငရုတ်သီးစိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်သီးနှံတွင် မပါမဖြစ်သုံးစွဲနေသောငရုတ်သီး ကို ပြည်ပသို့တင်ပို့ရန်နှင့် ပြည်တွင်းသုံးစွဲရန် ယခုနှစ်ဆောင်းရာသီတွင် စိုက်ဧက( ၄၈၃ ) ဧကဝန်းကျင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
