Main menu

မအူပင်ဆန်စပါးဈေးကွက်ဈေးနှုန်းအခြေအနေ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊မအူပင်မြို့နယ်ရှိ ဆန်စက်ကြီး များမှ ဒေသထွက် စပါးများဝယ်ယူကြိတ်ခွဲရောင်းချ တင်ပိုလျက်ရှိပြီး ယနေ့ မအူပင်မြို့နယ် စပါး/ဆန် ဈေးကွက် ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် ဆင်းသုခစပါးတင်း ၁၀၀ လျှင် စက်အရောက်ဈေး ၁၆၀၀၀၀၀ ကျပ်၊ GW-11 စပါးတင်း ၁၀၀ လျှင် စက်အ‌ရောက်ဈေး ၁၄၅၀၀၀၀ ကျပ်ဖြင့် အ‌ရောင်းအဝယ်ပုံမှန်ဖြစ်နေ‌ကြောင်း သိရှိရပါသည်၊၊

       ဆန်ဈေးအနေဖြင့် ဆင်းသုခ ဆန်တစ်အိတ်လျှင် ကျပ် ၆၀၀၀၀/-နှုန်းဖြင့် ၁ပြည်လျှင် ၂၈၀၀ကျပ်ဖြင့်လည်း၊  ၊ GW- 11 ဆန်တစ်အိတ်လျှင် ကျပ် ၅၅၀၀၀ နှုန်း ဖြင့် ၁ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့် မအူပင်ဈေးကွက်တွင် အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်းသိရှိရပြီး ရန်ကုန်သို့ နေ့စဉ်တင်ပို့ လျှက်ရှိကြောင်းသိရပါသည်၊၊

DOCA (ဧရာဝတီ)