ကုန်သွယ်မှုသတင်းများ
ပြည်မြို့နယ်အတွင်း ငှက်ပျောပင်များအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ သစ်ချီတင်ရွာ၊ ရှမ်းစုရွာများတွင် အများအပြားစိုက်ပျိုးကြပါသည်။ ငှက်ပျောပင်အားစိုက်ပျိုးရာတွင် အချို့ရွာသား များသည် မိမိတို့ပိုင်ဆိုင်သည့် အိမ်ခြံများ၏ဘေးပတ်လည်၊ နောက်ဖေးဘက်စသည်များတွင် အပင် ၂၀မှ ၅၀အထိစိုက်ပျိုးထားကြောင်းသိရပါသည်။ စီးပွားဖြစ်စိုက်ပျိုးသော ဥယျာဉ်ခြံများတွင် တစ်ဧကလျှင် ငှက်ပျောပင်တစ်ပင်နှင့်တစ်ပင် အကွာအဝေးမှာ ၁၀ပေခြား စိုက်ပျိုးရပါသည်။ စိုက်ပျိုးသည့် ငှက်ပျောအမျိုးအစားများမှ

လွန်ခဲ့သော နှစ်ပေါင်း(၆၀)ကျော်လောက်က ဒါးကရွာတွင် နေထိုင်သော “ဒေါ်စာမ” ဆိုသည့် အမျိုးသမီးကြီး တစ်ဦးသည် ပုသိမ် နှင့် ဟင်္သာတသို့ သွားသည့် ရထားတွဲပေါ်တွင် ကိုယ်တိုင် ပြုလုပ်ထားသည့် ဝက်အူချောင်းများ စတင်ရောင်းချ ခဲ့ရာ စားသုံးသူများက “ဒေါ်စာမ ဒေါ်စာမ လာပါဦး”ဟုခေါ်၍ ဝယ်ယူခဲ့ကြသဖြင့် ဒေါ်စာမ ဝက်အူချောင်းဟူ၍ အမည်တွင်ခဲ့ပြီး ၎င်းနာမည်ကြီး ကျော်ကြားရခြင်း၏ လျှို့ဝှက်ချက်မှာ တာရှည်ခံ ယမ်းစိမ်းများ ထည့်သွင်းထားခြင်း မရှိသည့် အတွက် ဝက်အူချေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံနှင့် မြေပဲအတောင့်များကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင်အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော်စသည်ဖြင့်လည်းကောင်း၊ အစားအသောက်များနှင့်တွဲဖက်စားသုံးခြင်းတို့ ပြုလုပ်ကြ ကြောင်း၊ ကန့်ဘလူခရိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများသည် ဒေသတွင်းမှလည်း ကောင်း၊ မန္တလေးမြို့နှင့်ရွှေဘိုမြို့တို့မှလည်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင် မှထွက်ရှိသော နှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
