ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှလည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် အနီးအနားရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်လျက်ရှိပါသည်။ စားဖိုဆောင်သီးနှံများအပြင် ဥယျာဉ်ခြံမြေသီးနှံများကိုလည်း စိုက်ပျိုး လျက်ရှိရာ ဌက်ပျောပင်များကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ငှက်ပျောသီးကို ငှက်ပျောသီး အမှည့် အဖြစ်လည်း စားသုံးသလို၊ ငှက်ပျောသီးကြော်၊ ငှက်ပျောရွှေကြည်၊ ငှက်ပျောယို၊ ငှက်ပျောခြောက်၊ ငှက်ပျောပူတင်း အစရှိသော သရေစာများ လုပ်၍လည်း စားသုံးနိုင်ပါသည်။ ငှက်ပျောသီးမှည့်ကို လူကြီးမိဘများ၏ အဆိုအရ မနက်ငှက်ပျေ

ဈေးကွက်အတွင်း ရောင်းချနေသော ပန်းဂေါ်ဖီစိမ်းများကို ပန်းဂေါ်ဖီအဖြူကဲ့သို့ စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး ဆောင်းရာသီ ရိုးရိုးပန်းဂေါ်ဖီများပေါ်ချိန်တွင် ထွက်ပေါ်ကြ ပါသည်။ အေး၍ခြောက်သွေ့သောဒေသများတွင် ပန်းဂေါ်ဖီစိမ်း အပင်သည် သက်တမ်း (၁၁) လ ခန့်အထိ ကြာမြင့်သည်ဟု သိရှိရပါသည်။ မြေဆီဩဇာ ပေါများသည့် မြေမျိုးနှင့် သဲဆန်သော မြေတွင် ကောင်းစွာဖြစ်ထွန်းနိုင်သည်။

မုံရွာဒေသထွက် သခွားမွေးသီးများကို မုံရွာမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် တနိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မုံရွာမြို့တွင် ဖြစ်ပေါ်နေသောသခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၃၀၀၀မှ ၅၀၀၀) ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၂၅၀၀မှ ၃၀၀၀) အလုံးသေးတစ်လုံးလျှင် (၈၀၀၊ ၁၀၀၀) ကျပ် ဈေးနှုန်း အသီးသီးရှိကြောင်း သိရသည်။ သခွားမွေးသီးများ အထွက်နှုန်း ကောင်း၍ ဈေးကောင်းရရှိနေကြောင်း သိရှိရသည်။
