ကုန်သွယ်မှုသတင်းများ
မိတ္ထီလာခရိုင်၊သာစည်မြို့နယ်တွင် ပဲမျိုးစုံသီးနှံများအနက် ကုလားပဲ၊ ပဲစင်းငုံ၊ ထောပတ်ပဲ၊ ပဲကြား စသည်တို့ကို စိုက်ပျိုးရာ ပဲစင်းငုံကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် (၂၁၅၆) ဧကစိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဒန့်သလွန်ပင်သည် အပူပိုင်းသီးနှံဖြစ်သော်လည်း တောင်ပေါ်မြေပြန့်ဒေသမရွေး၊ရာသီဥတုမရွေး ဖြစ်ထွန်းသောအပင်မျိုးဖြစ်သည်။ ဒန်သလွန်ပင်များကို အကိုင်းဖြတ်၍လည်းကောင်း၊ အစေ့ချ၍လည်းကောင်း အိမ်ခြံဝင်းများတွင် စားသုံးသီးပင်/စားပင် အဖြစ် စိုက်ပျိုးကြပါသည်။

ယခုအချိန်တွင် မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ပဲလိပ်ပြာများ အရောင်းအဝယ်သွက်လျက်ရှိ ကြောင်း သိရှိရသည်။ ပဲလိပ်ပြာကို ထောပတ်ပဲဟူ၍လည်းကောင်း၊ မောင်မခေါ်ပဲဟူ၍လည်းကောင်း ခေါ်ဝေါ်ကြကြောင်းနှင့် စားသုံးရာတွင် စားသုံးသူအကြိုက် ပဲနှပ်အဖြစ်လည်းကောင်း၊ ပဲဟင်းအရည် သောက်အဖြစ်လည်းကောင်း နှစ်သက်သလိုချက်ပြုတ်စားသောက်လေ့ရှိကြပြီး ဆူးပုတ်ရွက်လေး အုပ်ကာ ဆူးပုတ်နံ့မွှေးမွှေးလေးနဲ့လည်း ထမင်းမြိန်စေသော မြန်မာ့ရိုးရာဟင်းလျာတစ်မျိုးဖြစ် ပါသည်။

မြင်းခြံမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး အပူပိုင်းဒေသဖြစ်သော ကြောင့် စတော်ဘယ်ရီသီးများ စိုက်ပျိုးဖြစ်ထွန်းနိုင်မှုမရှိသဖြင့် စတော်ဘယ်ရီသီးများ အများအပြား စိုက်ပျိုးဖြစ်ထွန်းရာ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ဟိုပုံးမြို့နယ်၊ တောင်ကြီး မြို့နယ်တို့မှ စတော်ဘယ်ရီသီးများကို သယ်ယူရောင်းချရာတွင် တောင်ကြီး၊ ဟိုပုံး၊ အေးသာယာ၊ ရွှေညောင် မြို့များမှတဆင့် သယ်ယူ၍လည်းကောင်း၊ မန္တလေး၊ ပြင်ဦးလွင်မြို့နယ်မှ သယ်ယူ၍ လည်းကောင်း မှာယူရောင်းချရပါသည်။

မြင်းခြံခရိုင်၏ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပဲစဉ်းငုံစိုက်ဧကများအနေဖြင့် မြင်းခြံမြို့နယ်တွင် (၅၈၉၃) ဧက၊ တောင်သာမြို့နယ်တွင် (၁၈၉၃၁)ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၇၉၂၆၁)ဧက စိုက်ပျိုးခဲ့ပြီး ခရိုင်ချုပ်စုစုပေါင်း(၁၀၄၀၈၅)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မေလနှင့်ဇွန်လတို့တွင် စတင် စိုက်ပျိုးခဲ့သော ပဲစဉ်းငုံသီးနှံများမှာ သက်တမ်းအနုအရင့်အလိုက် ဇန်နဝါရီလအတွင်း ရာနှုန်းပြည့် ရိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း၊ ယခင်နှစ် ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ဧကများနှင့်နှိုင်းယှဉ်ပါက မြင်းခြံ မြို့နယ်တွင် (၂၆၅)ဧက လျော
