ကုန်သွယ်မှုသတင်းများ
ဖိလစ်ပိုင်နိုင်ငံ၌ စာနပ်ရိက္ခာထောက်ပံ့ရေးစိန်ခေါ်မှုများနှင့် ရင်ဆိုနေရချိန်တွင် မနီလာ၏ စားနပ်ရိက္ခာဖူလုံမှုကို ပံ့ပိုးပေးရန်အတွက် ဆန်နှင့်အခြားလယ်ယာထွက်ကုန်များ တိုးမြှင့် တင်ပို့ရန်အဆင်သင့်ပြင်ဆင်ထားကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် Hun Manet နှင့် ဖိလစ်ပိုင်သမ္မတ Ferdinand Marcos တို့ (၁၁-၂-၂၀၂၅) ရက်နေ့ကတွေ့ဆုံစဉ် အာမခံခဲ့သည်။ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MoUs) လက်မှတ်ရေးထိုးပြီးနောက် Hun Manet က စိုက်ပျိုရေးကဏ္ဍတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမ

ကမ္ဘောဒီးယားနိုင်ငံ၊ ဆန်စပါးအသင်းချုပ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆန်စပါး တန်ချိန် ၅၉,၀၈၆ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၈.၀၃ သန်းရရှိခဲ့ကြောင်းထုတ်ပြန်ခဲ့ သည်။ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်၏ အဆိုအရ ဆန်တင်ပို့သူ ၃၉ ဦးသည် ဒေသ ၄၅ ခု သို့ တင်ပို့ခဲ့ပြီး ဥရောပနိုင်ငံ ၃၂ နိုင်ငံသို့ စုစုပေါင်းတန်ချိန် ၃၆,၇၁၄ တန်တင်ပို့ခဲပြီး ကန်ဒေါ်လာ ၂၉.၇၉ သန်း ရရှိခဲ့သည်။ ဟောင်ကောင်၊မကာအိုနှင့်တရုတ်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၂.၅၆ သန်းတန်ဖိုးတင်ပို့ခဲ့သည်။ အာဖရိက၊ အရှေ့အလယ်ပို

စင်္ကာပူ၏ ရေနံမဟုတ်သော ပြည်တွင်းပို့ကုန် (NODX) သည် ၂၀၂၄ ခုနှစ်ဒီဇင်ဘာလတွင် ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဇန်နဝါရီလတွင်တစ်နှစ်ထက်တစ်နှစ် ၂.၁ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း အစိုးရအေဂျင်စီ Enterprice Singapore မှထုတ်ပြန်သည့်အချက်အလက်များ အရသိရသည်။
ကျဆင်းမှုသည် အီလက်ထရောနစ် ကဏ္ဍတိုးတက်လျှက်ရှိစဥ် အီလက်ထရောနစ်မဟုတ် သော NODX ပို့ကုန်များလျှော့နည်းသွားသောကြောင့်ဖြစ်ကြောင်းသိရသည်။

၂၀၂၄ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံ၏ ဝါဂွမ်းရိတ်သိမ်းမှုသည် တန်ချိန် ၁၅၉၀၀၀ ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း အမျိုးသားစာရင်းအင်းနှင့် သတင်းအချက် အလက်အာဏာပိုင်အဖွဲ့ (NSIA) မှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ နိုင်ငံအတွင်း ဝါဂွမ်း မတ်ထရစ်တန်ချိန် ၁၅၉၀၀၀ ကိုစုဆောင်းထားပြီး အနောက်ပိုင်း ဟလ်မန်ပြည်နယ်မှတန် ၈၀ နှင့် မြောက်ပိုင်း Balkh ပြည်နယ်တွင် ၃၄ တန်ရှိကြောင်း NSIA ပြောရေးဆိုခွင့်ရှိသူ Mohammed Halm Rafi က ၎င်း၏ X အကောင့်တွင်ရေးသာ

ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလတွင် ရေထွက်ကုန် အမေရိကန် ဒေါ်လာ ၇၇၄.၃ သန်းဖိုး တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃.၃ ရာခိုင်နှုန်း တိုးလာကြောင်း ဗီယက်နမ် သတင်းများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း ဗီယက်နမ် ပင်လယ်စာ တင်ပို့ရောင်းချသူများနှင့် ထုတ်လုပ်သူများ အသင်းမှ ကိုးကား၍ သိရသည်။
