Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Feb 2025

          အင်ဒိုနီးရှားနှင့် ယူအေအီးတို့သည် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစားအစာနှင့် အခြေခံ အဆောက်အအုံတို့တွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှု ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဒူဘိုင်းတွင်ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် World Governments Summit တွင် အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးရာ ညှိနှိုင်းဆွေးနွေး ရေးဝန်ကြီးဖြစ်သူ Airlangga Hartarto က ယူအေအီးနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Mohamed Hassan Alsuwaidi နှင့် တွေ့ဆုံဆွေးနွေ

18 Feb 2025

          ဗီယက်နမ်နိုင်ငံ Ha Nam ပြည်နယ် ပြည်သူ့ကော်မတီသည် အဓိကစက်မှုစီမံကိန်းနှစ်ခု အတွက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုလက်မှတ်များကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ခွင့်ပြုပေးခဲ့ပြီး ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့သို့ခြေလှမ်းတစ်ရပ်လှမ်းနိုင်ခဲ့ကြောင်း သိရ ပါသည်။ ထိုစီမံကိန်းများသည် Red Board Technology ကုမ္ပဏီလီမိတက်၏ high-precision circuit board (PCB) ထုတ်လုပ်သည့်စက်ရုံနှင့် Casla Kitchenware JSC ၏ မီးဖိုချောင်သုံး ပစ္စည်းနှင့် ဆက်စပ်သည့်သတ္တုထုတ်ကုန်များ ထုတ်လ

18 Feb 2025

          ဇန်နဝါရီလတွင် ဟွန်ဒါဗီယက်နမ်၏မော်တော်ဆိုင်ကယ်နှင့် ကားရောင်းချမှုသည် ၂၀၂၄ ဇန်နဝါရီလထက် ၁၂.၆ ရာခိုင်နှုန်းနှင့် ၉.၇ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရပါသည်။ မော်တော်ဆိုင်ကယ်ရောင်းချရမှုမှာ အစီးရေ ၁၉၈၉၁၁ စီးဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလထက် ၁၂.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော် ၂၀၂၅ ဘဏ္ဍာနှစ် (ဧပရယ်လ ၂၀၂၄ မှ မတ်လ ၂၀၂၅ ) အတွက် ရောင်းချရမှုမှာ အစီးရေ ၁၈၆၃၆၈၁ စီးဖြင့် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်ထက် ၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည်

18 Feb 2025

          ဗီယက်နမ်ကားထုတ်လုပ်သူဖြစ်သည့် VinFast သည် ဇန်နဝါရီလတွင် ပြည်တွင်း၌ လျှပ်စစ်မော်တော်ယာဉ်အစီးရေ ၁၀၀၀၀ ကျော် ရောင်းချခဲ့ရပြီး VF3 နှင့် VF5 တို့သည့် ရောင်းအား အကောင်းဆုံးမော်ဒယ်များဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်ကအဟုန်ကို အခြေ ခံ၍ ကုမ္ပဏီသည် နှစ်သစ်ကို စံချိန်တင်ကိန်းဂဏန်းဖြင့် စတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ VF3 သည် အစီးရေ ၄၀၀၀ ကျော်ဖြင့် ရောင်းချရမှုတွင် ဦးဆောင်ခဲ့ပြီး ၎င်းတို့နောက်တွင် VF5 က အစီးရေ ၃၃၀၀ ဖြင့် ရပ်တည်နေကြောင်း သိရပါသည်။ လက်ကျန်ရောင်းချရမှုမ

18 Feb 2025

          လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် ပြည်ပရှိဗီယက်နမ်စီးပွားရေးလုပ်ငန်း အသင်း၏ ဥက္ကဌဖြစ်သူ Nguyen Hong Hue ဦးဆောင်သည့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများနှင့် များစွာသောနိုင်ငံများမှ နိုင်ငံတကာစီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် အစည်းအဝေးကို ဖေဖော် ဝါရီလ ၁၄ ရက်နေ့က ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် Hue က အသင်း၏ဆောင်ရွက်မှုများ နှင့် လာအိုတွင် လုပ်ငန်းများက အသင်းနှင့်အတူ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဖိုရမ်တွင် ပါဝင်ဆင်နွှဲ မှုကို ပြောကြားခဲ့ ကြောင်း သိရပါသည်။ ထို့ပြင်

Pages