ကုန်သွယ်မှုသတင်းများ
ဖေဖော်ဝါရီလတတိယပတ်အတွင်း မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲစင်းငုံသီးနှံများ စတင် ဝင်ရောက်လာကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက် ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှု နည်းသော်လည်းပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီး သည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊၃၁.၁.၂၀၂၅ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံသီးနှံစ

စျေးကွက်အတွင်းသို့ ကန်စွန်းဥဝင်ရောက်မှုမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ အဝင်များပြီး၊ ကျန်ဒေသများမှလည်း ဝင်ရောက်ကြောင်း သိရ ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ကန်စွန်းဥသီးနှံအများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ကန်စွန်းဥအတွင်း သားမှာ အဖြူရောင်၊ခရမ်းရောင်၊ပန်းရောင်၊ လိမ္မော်ရောင်နှင့်အဝါနုရောင်တို့အား စျေးကွက် အတွင်းအများ ဆုံးတွေ့ရပါတယ်။ ကန်စွန်းဥအား ပြုတ

ဖေဖော်ဝါရီလဒုတိယပတ်အတွင်း မန္တလေးစျေးကွက်သို့ ပြင်ဦးလွင်ဒေသထွက် သီးနှံများ အနက် စတော်ဘယ်ရီသီးများ ဝင်ရောက်မှု များပြားလျက်ရှိကြောင်း သိရပါတယ်။ စတော်ဘယ်ရီ သီးနှံသည် ပြင်ဦးလွင်ဒေသရဲ့ အဓိကစိုက်ပျိုးတဲ့သီးနှံတစ်မျိုးဖြစ်ပြီး၊ ဒေသမျိုး စတော်ဘယ်ရီသီး (အလုံးသေး)မှာချဉ်သည့် အရသာရှိပြီး၊ စတော်ဘယ်ရီသီး (ထိုင်ဝမ်မျိုး အလုံးကြီး)မှာအကြွပ်သီးအချဉ် အရသာနှင့်စတော်ဘယ်ရီသီး(ဂျပန်မျိုးအလုံးကြီး)မှာ ချိုမွှေး အရသာရှိသည့်အသီးတို့စိုက်ပျိုးကြောင်း သိရပါတယ်။မန္တလေးစျေးကွက်အတွင်းသ

သစ်သီးစျေးကွက်အတွင်းသို့ ဖေဖော်ဝါရီလဒုတိယပတ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦး လွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့် မိတ္ထီလာခရိုင်တို့မှထွက်ရှိသည့်ဖရဲသီးများ ဝင်ရောက်လျက်ရှိပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် အခြားဒေသတို့မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ဖရဲသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ မန္တလေးတိုင်း ဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ဖရဲသီးစိုက်ပျိုးမှု (၇၈၀၀)ဧကကျော်စိုက်ပျိုးကြောင်း သိရပါတယ်။ ဖရဲသီးစားသုံးခြင်း ဖြင့် ကျောက်ကပ်ကျန်းမာခြင်း၊နှ

သစ်သီးစျေးကွက်အတွင်းသို့ ဖေဖော်ဝါရီလဒုတိယပတ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦး လွင်ခရိုင်နှင့်ကျောက်ဆည်ခရိုင်မှထွက်ရှိသည့် သခွားမွှေးသီးများစတင်ဝင်ရောက် လျက်ရှိပြီး၊စစ်ကိုင်း တိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့မှ လည်းဝင်ရောက်ကြောင်း သိရပါတယ်။ သခွားမွှေးသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်စိုက်ပျိုးကြောင်း သိရပါတယ်။ သခွားမွှေးသီး စားသုံး ခြင်းဖြင့်အရေပြားနှင့်အသားအ
