Main menu

မန္တလေးပဲစင်းငုံစျေးကွက်

Powered by Drupal

          ဖေဖော်ဝါရီလတတိယပတ်အတွင်း မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲစင်းငုံသီးနှံများ စတင် ဝင်ရောက်လာကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက် ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှု နည်းသော်လည်းပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီး သည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊၃၁.၁.၂၀၂၅ ရက်နေ့အထိ  ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံသီးနှံစိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊ အထွက်နှုန်း(၉.၃၃)တင်း နှင့်အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါတယ်။ ပဲစင်းငုံကို ပြည်တွင်း၌ အသားများနှင့်တွဲ၍ ပဲဟင်း၊ ပဲနှပ်၊ ပဲကြော်၊ ပဲပြုတ်၊ ပဲသီးစိမ်းပြုတ်၊ ပဲကြာဇံ၊ ပဲစင်းငုံနှင့်ပြုလုပ်သည့်မုန့်များအဖြစ် စားသုံးကြပြီး၊ပဲစင်းငုံအား ကိုယ်အရောင်ကျစေရန်စားသုံးကြကြောင်း သိရပါတယ်။ ပဲစင်းငုံအခွံ အမှော်များကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြုခြင်း၊ပဲစင်းငုံအရိုးများကို ခြံစည်းရိုးသဖွယ် ကာရံခြင်း နှင့်တံမျက်စည်းအဖြစ်အသုံးပြုကြကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလတတိယပတ်အတွင်း ဖြစ်ပေါ် လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၂၇၈၀၀၀ ကျပ်နှင့် ၂၇၉၀၀၀ကျပ်၊ပဲစင်းငုံ(ဖြူ) ၂၅၅၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲစင်းငုံ(နီ) ၄၆၃၃ ကျပ်နှင့် ၄၆၅၀ ကျပ်၊ ပဲစင်းငုံ(ဖြူ) ၄၂၅၀ ကျပ်အသီးသီးတို့ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ပဲစင်းငုံ(နီ) (သစ်)   ၃တင်းဝင်တစ်အိတ်လျှင်  ၃၂၇၀၀၀ ကျပ်နှင့် ၃၂၈၀၀၀ ကျပ်၊ ပိဿာစျေးမှာ ၅၄၅၀ ကျပ်နှင့် ၅၄၆၇ ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး၊ ယခင်နှစ်စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲစင်းငုံသီးနှံပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါတယ်။ ပဲစင်းငုံဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက် ပေါက်စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)