
စျေးကွက်အတွင်းသို့ ကန်စွန်းဥဝင်ရောက်မှုမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ အဝင်များပြီး၊ ကျန်ဒေသများမှလည်း ဝင်ရောက်ကြောင်း သိရ ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ကန်စွန်းဥသီးနှံအများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ကန်စွန်းဥအတွင်း သားမှာ အဖြူရောင်၊ခရမ်းရောင်၊ပန်းရောင်၊ လိမ္မော်ရောင်နှင့်အဝါနုရောင်တို့အား စျေးကွက် အတွင်းအများ ဆုံးတွေ့ရပါတယ်။ ကန်စွန်းဥအား ပြုတ်စား၊ မီးဖုတ်စား၊ ကြော်စား၊ ပေါင်းစား၊ ယိုထိုးခြင်း၊ သီးနှံအခြောက်ခံခြင်းနှင့်ပူတင်းဖုတ်စသည်ဖြင့် အမျိုးမျိုးစားသုံးကြောင်း သိရပါ တယ်။ကန်စွန်းဥသီးနှံမှာ အဟာရဓါတ်ကြွယ်ဝခြင်း၊ ဓါတ်တိုးဆန့်ကျင်အာနိသင် လည်းကြွယ်ဝ ခြင်း၊ သွေးတွင်းသကြား ဓါတ်ထိန်းညှိပေးခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကောင်းမွန်ခြင်း၊ ကိုယ်ခံအားကောင်းခြင်း၊ အမြင်အာရုံ ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ လေးဖက်နာကြောင့်နာကျင်မှုကိုသက်သာစေခြင်း၊ အစာအိမ်အနာကိုသက်သာစေခြင်းနှင့် ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးခြင်းစသည့်အကျိုးကျေးဇူး များလည်းရရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတတိယပတ်အတွင်း စျေးကွက် အတွင်း ရောင်းချသည့်ကန်စွန်းဥ တစ်ပိဿာစျေးနှုန်းများအနေဖြင့် ခရမ်းရောင် ၆၀၀ဝိ/-နှင့် ၇၀၀ဝိ/-၊ ပန်းရောင်၊ လိမ္မော်ရောင်နှင့်အဝါနုရောင် ၅၀၀ဝိ/- နှင့် ၆၀၀ဝိ/-၊အဖြူရောင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-စျေး အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ကန်စွန်းဥသီးနှံမှာ လတ်ဆပ်မှု နှင့် အလုံးအရွယ်အစားပေါ်မူတည်၍ စျေးနှုန်းကွားခြားမှုရှိကြောင်း သိရပါတယ်။ ဒေသအသီးသီးမှ ဝင်ရောက်သည့်သီးနှံများအနက် မန္တလေးစျေးကွက်အတွင်း ကန်စွန်းဥမှာအရောင်းသွက်သည့် သီးနှံ တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။
DOCA(မန္တလေး)