Main menu

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆန်တန်ချိန် ၆၀၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၈ သန်းကျော် ရရှိခဲ့

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံ၊ ဆန်စပါးအသင်းချုပ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆန်စပါး တန်ချိန် ၅၉,၀၈၆ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၈.၀၃ သန်းရရှိခဲ့ကြောင်းထုတ်ပြန်ခဲ့ သည်။ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်၏ အဆိုအရ ဆန်တင်ပို့သူ ၃၉ ဦးသည် ဒေသ ၄၅ ခု သို့ တင်ပို့ခဲ့ပြီး ဥရောပနိုင်ငံ ၃၂ နိုင်ငံသို့ စုစုပေါင်းတန်ချိန် ၃၆,၇၁၄ တန်တင်ပို့ခဲပြီး ကန်ဒေါ်လာ ၂၉.၇၉ သန်း ရရှိခဲ့သည်။ ဟောင်ကောင်၊မကာအိုနှင့်တရုတ်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၂.၅၆ သန်းတန်ဖိုးတင်ပို့ခဲ့သည်။ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် အခြားနိုင်ငံများအပါအဝင် ပြည်ပ ၁၆ နိုင်ငံသို့ တန်ချိန် ၉,၁၈၇ တန်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၈.၃၇ သန်းရရှိခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်တင်ပို့မှုတွင် ဆန်မွှေး ၉၃.၀၁ ရာခိုင်နှုန်း၊ ဆန်ဖြူ ၂.၉၃ ရာခိုင်နှုန်း၊ ပြုတ်ဆန် ၂.၃၁ ရာခိုင်နှုန်း၊ အော်ဂဲနစ်ဆန် ၁.၄၂ ရာခိုင်နှုန်းနှင့် အခြားမျိုးကွဲဆန် ၀.၃၃ ရာခိုင်နှုန်းတင်ပို့ခဲ့သည်။

DOCA(ရန်ကုန်)