Main menu

သာစည်မြို့နယ်တွင် ပဲစင်းငုံများ ထွက်ရှိ

Powered by Drupal

          မိတ္ထီလာခရိုင်၊သာစည်မြို့နယ်တွင် ပဲမျိုးစုံသီးနှံများအနက် ကုလားပဲ၊ ပဲစင်းငုံ၊ ထောပတ်ပဲ၊ ပဲကြား စသည်တို့ကို စိုက်ပျိုးရာ ပဲစင်းငုံကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် (၂၁၅၆) ဧကစိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

          ပဲစင်းငုံကို မိုးဦးကျ မေ၊ ဇွန်လများတွင် စိုက်ပျိုးခဲ့ပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ရိတ်သိမ်း ကြသည်။ ပဲစင်းငုံကို သီးသန့်စိုက်ပျိုးခြင်းအပြင် ဝါ၊ နှမ်းတို့နှင့်လည်း သီးညှပ်စိုက်ပျိုးကြသည်။ပဲစင်းငုံ စိုက်ပျိုးရာတွင် ထယ်၊ ထွန်လိုက်ခြင်း၊ ပေါင်းနုတ်ခြင်း၊ ပန်းပွင့်ချိန် ပိုးကျသည့်အခါ ပိုးခါခြင်း၊ ပိုးသတ် ဆေးဖြန်းခြင်း၊ ရိတ်သိမ်းခြင်းတို့အပါအဝင် ကုန်ကျစရိတ်အနေဖြင့် အခြားလယ်ယာထွက်ကုန် သီးနှံများကဲ့သို့ စရိတ်များစွာကုန်ကျမှုမရှိဘဲ တစ်ဧကလျှင် (၃)သိန်းကျော်သာ ကုန်ကျပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် ယခုနှစ် သာစည်မြို့နယ်တွင် (၇)တင်းဝန်ကျင်ထွက်ရှိကြောင်း တောင်သူများ ထံမှ သိရသည်။ ပဲစင်းငုံသီးနှံဈေးမှာ ဇန်နဝါလ သီးနှံပေါ်စအချိန်က ပိဿာ(၂၀)တစ်တင်းလျှင် ၉၂၀၀၀/- ရရှိခဲ့ပြီး သီးနှံလှိုင်ချိန်မှာ ဈေးအနည်းငယ်ကျဆင်းရာ ၈၈၀၀၀/- ကျပ်အထိ ကျဆင်းခဲ့ပြီး လက်ရှိအချိန်တွင် ၉၀၀၀၀/-ကျပ်ဈေးဖြင့် အရောင်းအဝယ်သွက်ကြောင်း သိရသည်။

DOCA(မန္တလေး)