
ဒန့်သလွန်ပင်သည် အပူပိုင်းသီးနှံဖြစ်သော်လည်း တောင်ပေါ်မြေပြန့်ဒေသမရွေး၊ရာသီဥတုမရွေး ဖြစ်ထွန်းသောအပင်မျိုးဖြစ်သည်။ ဒန်သလွန်ပင်များကို အကိုင်းဖြတ်၍လည်းကောင်း၊ အစေ့ချ၍လည်းကောင်း အိမ်ခြံဝင်းများတွင် စားသုံးသီးပင်/စားပင် အဖြစ် စိုက်ပျိုးကြပါသည်။
ဒန့်သလွန်ပင်မှ ဒန့်သလွန်ရွက်ကို ဟင်းချိုချက်စားခြင်း၊ဒန့်သလွန်သီးမှာလည်း နုချိန်တွင် ဟင်းချက်စားနိုင်သလို အစေ့ရင့်ချိန်တွင်လည်း အခြောက်ခံ၍ မျိုးယူခြင်း၊ဆေးဖော်ခြင်းများပြုလုပ်နိုင်ပါသည်။ ဒန့်သလွန် သီးတွင် ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါသည်။ ဒန့်သလွန်စေ့ရဲ့ထင်ရှားတဲ့အာနိသင်တစ်ခုမှာ သွေးတွင်း သကြားဓာတ်ကိုလျော့ကျစေခြင်း၊ ဒန့်သလွန်ဟာကိုလက်စထရောနှင့် အဆီဓာတ်တွေနှင့်ပက်သက်ရင်ကိုယ်ခန္ဓာ အတွက်အကျိုးပြုသော အာနိသင်များရှိကြောင်း၊ ဒန့်သလွန်စေ့သည်နှလုံးသွေးကြောစနစ်အတွက် ကာကွယ် ပေးနိုင်စွမ်းရှိသည့်အာနိသင်များ ပိုင်ဆိုင်ထားသောကြောင့် ဒန့်သလွန်စေ့စားသုံးပေးခြင်းဖြင့် သွေးတိုးကြောင့် ဖြစ်သောနောက်ဆက်တွဲနှလုံးပြသနာတွေကို ကာကွယ်ပေးပါကြောင်း၊ ဒန့်သလွန်စေ့ဟာအာရုံစူးစိုက်နိုင်စွမ်း ကိုပိုကောင်းစေပြီး ဦးနှောက်ကိုကျန်းမာစေပါသည်။ ဦးနှောက်အတွက်အကောင်းဆုံးအဟာရတွေဖြစ်သော အိုမီဂါ - ၃၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာမင်အီးတို့အားလုံး ဒန့်သလွန်စေ့တွင်ပါဝင်စေသာကြောင့် ဦးနှောက်ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါသည်။
ဒန့်သလွန်နှင့်ပက်သက်သော ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများရှိသည့်အတွက် လူတို့စားသုံးမှုများ ရာ အသီးအရွက်များကို ဟင်းချိုချက်ခြင်း၊ အရွက်ကိုကြော်ခြင်းဖြင့်စားသုံးကြသကဲ့သို့ ဒန့်သလွန်သီးအတောင့်ကို ပဲကုလားဟင်းချက်သည့်အခါမပါမဖြစ်သုံးကြပါသည်။ ဒန့်သလွန်သီးဟာ ရာသီမရွေးဈေးကွက်မှာ တွေ့ရှိရသော် လည်း ဖေဖော်ဝါရီ၊မတ်၊ဧပြီလများမှာတော့ ဈေးကွက်တွင်ပေါပေါများများတွေ့နိုင်ပါသည်။ ဈေးကွက်တွင် ဒန့်သလွန်သီးများပေါ်စဖြစ်၍ ဒန့်သလွန်သီးဆယ်တောင့်စည်း တစ်စည်းလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ၊ တစ်တောင့်ဝယ်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အကျိုးအမြတ်ရရှိနေကြောင်း သိရှိရ ပါသည်။
DOCA(မန္တလေး)