ကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုစီမံကိ်နး ၁၂ ခုကို မှတ်ပုံတင်ရန်လျှောက်လွှာများကို ပြန်လည်သုံးသပ်ဆွေးနွေးရန် ၄-၂-၂၀၂၅ ရက်နေ့က အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Chea Vuthy မှ ဥက္ကဋ္ဌ အဖြစ်ကြီးမှူးဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပြည်နယ်အစိုးရ အဖွဲ့များမှ ကိုယ်စာလှ

ဗီယက်နမ်နိုင်ငံ Binh Duong ပြည်နယ်၏ ပြည်သူ့ကော်မတီသည် စုစုပေါင်းမတည်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိသော ပြည်ပရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၇ ခုအတွက် ရင်းနှီး မြှုပ်နှံမှုအသိအမှတ်ပြုလက်မှတ်နှင့် မူအားဖြင့်ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရပါသည်။ ၎င်းတို့ထဲ တွင် Vietnam-Singapore Industrial Park Joint Venture Co.,Ltd (VSIP) သည် စက်မှုဇုန် အခြေခံအဆောက်အအုံစီမံကိန်း ၂ ခုအတွက် ရင်းနှီးမြှုပ်နှံမှုလိုင်စင် ရရှိခဲ့ကြောင်း သိရပါသည်။ ၎င်းတို့တွင် VSIP Binh Duong Reside

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ပီလောပီနံနှင့် ပီလောပီနံထုတ်ကုန်များ တင်ပို့ရာအကြီးမားဆုံးဈေးကွက်အဖြစ် ဆက်လက်ရပ်တည်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန် အထွေထွေဦးစီးဌာန၏ အချက်အလက်များအရ သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁.၁၅ ဘီလီယံတန်ဖိုးရှိသော ပီလောပီနံနှင့်ပီလောပီနံ ထုတ်ကုန် တန်ချိန် ၂.၆၂ သန်း ကိုတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပမာဏတွင် ၁၁.၁ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၁၁.၄ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း သိရပ

တိုယိုတာဗီယက်နမ်သည် ဇန်နဝါရီလက ဗီယက်နမ်၌ ကားအစီးရေ ၃၃၄၆ စီးရောင်းချခဲ့ ရပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလကထက် ၄၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုစုစုပေါင်း ရောင်းချရမှုထဲတွင် အစီးရေ ၉၂၉ စီးမှာ ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သည့်ကားများဖြစ်ပြီး အစီးရေ ၂၄၁၇ စီးမှာ အပြည့်အဝတင်သွင်းလာသည့် ကားများဖြစ်ကြောင်း သိရပါသည်။ Toyota Hybrid ကားများရောင်းချရမှုမှာ အစီးရေ ၅၆၅ စီးရှိပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၅၀၄ ရာခိုင်နှုန်းအထိ အထင်ကြီးဖွယ်မြင့်တက်ခဲ

၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် ဥရောပသမဂ္ဂသို့ အမေရိကန်ဒေါ်လာ ၅၁.၇ ဘီလီယံ တန်ဖိုး တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၈.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အဓိက ပို့ကုန်များဖြစ်သည့် ကွန်ပြူတာများ၊ အီလတ်ထရောနစ်ပစ္စည်းများနှင့် အစိတ်အပိုင်းများ တင်ပို့ မှုမှာအမေရိကန်ဒေါ်လာ ၁၀.၈ ဘီလီယံ နီးပါးရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၆၆.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ စက်ပစ္စည်းများ၊ စက်အစိတ်အပိုင်းများနှင့် အပိုပစ္စည်းများ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၈.
