Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Feb 2025

မန္တလေးမြို့တွင်းသို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့်ရေဦးနယ်များမှ ထွက်ရှိသော ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ မဂျမ်းတောနှင့် ပဒေသာဆန်သစ်များ၊ ပဲခူး၊ဒိုက်ဦး၊ညောင်လေးပင်၊ပုသိမ်၊မြောင်းမြနယ် များမှ ဖန်သီးသုခ၊ ရက် ၉၀၊ မှော်သုခ၊ မှော်ဘီ-၂၊ မှော်ဘီ-၃၊ ဆန်သစ်များလည်း ဝင်ရောက်လျှက် ရှိပါသည်။ မန္တလေးမြို့တွင်းသို့ ဝင်ရောက်သည့် ဆန်များအနေနှင့် အောက်ပိုင်းမှဝင်ရောက်သည့် ဆန်များကို ပြည်သူများအနေနှင့် စားသုံးမှုနည်းပြီး မုန့်လုပ်ငန်းများအတွက် အသုံးပြုမှုများကြောင့် ဆန်ဈေးနှုန်းဈေးကွက်အနေနှင့် ဖ

07 Feb 2025

           ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့်နေကြာသီးနှံများအား မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင် အများအပြားစိုက်ပျိုးလျက်ရှိပါတယ်။ ပြည်တွင်း စားဆီ ကြိတ်ခွဲရာတွင် အဓိကအသုံးပြုသည့် မြေပဲနှင့် နှမ်းသီးနှံမှာ ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့သည့်သီးနှံအမယ်များဖြစ်ပြီး၊နေကြာသီးနှံမှာ ပြည်တွင်းစားဆီအဖြစ်ကြိတ်ခွဲကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း မြေပဲသီးနှံအား မိုးမြေပဲနှင့် ဆောင်းမြေပဲရာသီ အလိုက်လည်းကောင်း၊ နှမ်းသီးနှံအား

07 Feb 2025

           ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်း  မန္တလေးမြို့၊သီရိမာလာစျေး(ပိုက်ကျုံးစျေး)ရှိ   ငါး၊ ပုဇွန် နှင့်ရေထွက်ပစ္စည်းများ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ ရေထွက်ပစ္စည်းဝင်ရောက်မှုမှာ မန္တလေးတိုင်း ဒေသတွင်းရှိ မွေးမြူရေးကန်များမှ တီလားဗီးယားငါး(ဂျပန်ငါး)၊ငါးကြင်းများ၊ရေချိုငါး မျိုးစုံနှင့် ပုဇွန်များ၊ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာပြည်အောက်ပိုင်းမှထွက်ရှိသော ငါး၊ပုဇွန်၊ဂဏန်း များနှင့် ရေထွက်ပစ္စည်းများဝင်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်သို့  ဝင်ရောက်မှာ တစ်ရက် ခြားလျှ

07 Feb 2025

           မန္တလေးစျေးကွက်အတွင်း သစ်သီးကုန်စိမ်းဝင်ရောက်မှုအနေဖြင့်  မန္တလေးတိုင်းဒေသကြီး အတွင်း ပြင်ဦးလွင်မြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတို့မှ အများ အပြားဝင်ရောက်ပြီး၊ အခြားဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ဒေသအသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအား မန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉ လမ်းနှင့် ၃၁ လမ်းကြား၊ ၈၄ လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက်ကြောင်း သိရပါတယ်။ စျေးချိုရှိ သစ်သီးပွဲရုံများမှ ဝယ်ယူ၍ မြို့ပေါ်ရှိ စျေးငယ်များသို့ တဆင့် ပ

07 Feb 2025

            မန္တလေးစျေးကွက်သို့  ဖေဖော်ဝါရီလပထမပတ်အတွင်း စားတော်ပဲစိမ်းသီးနှံများ  အများ အပြားဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။   စားတော်ပဲသီးနှံအား   စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးပြီး ကျန်ဒေသများတွင်လည်း စိုက်ပျိုးကြောင်း  သိရပါတယ်။   ပဲမျိုးစုံစိုက်ပျိုး ထွက်ရှိသည့် မန္တလေးတိုင်းဒေသကြီးအတွင်း  အမရပူရ၊   ပြင်ဦးလွင်၊ မိုးကုတ်၊  တကောင်း၊ စဉ့်ကူး၊ မတ္တရာနှင့် မြင်းခြံမြို့နယ

Pages