Main menu

မန္တလေးမြို့ ဆန်ဈေးနှုန်းဈေးကွက်

Powered by Drupal

မန္တလေးမြို့တွင်းသို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့်ရေဦးနယ်များမှ ထွက်ရှိသော ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ မဂျမ်းတောနှင့် ပဒေသာဆန်သစ်များ၊ ပဲခူး၊ဒိုက်ဦး၊ညောင်လေးပင်၊ပုသိမ်၊မြောင်းမြနယ် များမှ ဖန်သီးသုခ၊ ရက် ၉၀၊ မှော်သုခ၊ မှော်ဘီ-၂၊ မှော်ဘီ-၃၊ ဆန်သစ်များလည်း ဝင်ရောက်လျှက် ရှိပါသည်။ မန္တလေးမြို့တွင်းသို့ ဝင်ရောက်သည့် ဆန်များအနေနှင့် အောက်ပိုင်းမှဝင်ရောက်သည့် ဆန်များကို ပြည်သူများအနေနှင့် စားသုံးမှုနည်းပြီး မုန့်လုပ်ငန်းများအတွက် အသုံးပြုမှုများကြောင့် ဆန်ဈေးနှုန်းဈေးကွက်အနေနှင့် ဖန်သီးသုခ၊ ရက် ၉၀၊ ဆင်းသုခ၊ မှော်ဘီ ၂၊ မှော်ဘီ ၃တို့သည် အဟောင်း ၁ ပြည်လျှင် ၃၄၀၀-၃၅၀၀ ကျပ်၊  ၂၄ပြည် ၁ အိတ် ၇၀၀၀၀-၇၅၀၀၀ ကျပ်တို့နှင့် ရောင်းဝယ်မှုရှိပြီး အဆိုပါဆန်များကို မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှ မုန့်လုပ်ငန်းလုပ်ကိုင်သူများမှ တစ်ပိုင်တစ်နိုင် ဝယ်ယူမှုရှိကြောင်း၊ မန္တလေး မြို့တွင်းရှိ ပြည်သူများစားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်း အဟောင်း ၁ ပြည် ၆၂၀၀-၆၃၀၀ ကျပ်၊ ၂၄ ပြည်တစ်အိတ် ၁၅၀၀၀၀-၁၅၅၀၀၀ ကျပ်၊ အသစ် ၁ ပြည် ၅၄၀၀-၅၄၅၀ ကျပ်၊ ၂၄ ပြည် ၁အိတ် ၁၃၀၀၀၀-၁၃၅၀၀၀ ကျပ်၊ ဧရာမင်း၊မဂျမ်းတော၊ပဒေသာ အဟောင်း ၁ ပြည် ၅၆၀၀-၅၈၀၀ ကျပ်၊ ၂၄ ပြည် ၁ အိတ် ၁၃၅၀၀၀-၁၄၀၀၀၀ ကျပ်၊ အသစ် ၁ ပြည် ၅၀၀၀-၅၂၀၀ ကျပ်၊ ၂၄ ပြည် ၁ အိတ် ၁၁၅၀၀၀-၁၂၅၀၀၀ ကျပ်တို့နှင့် ဈေးကွက်တွင် ရောင်းဝယ်လျှက်ရှိပါကြောင်း၊ မိသားစုစားသုံးမှုအနေနှင့် ဆန်သစ်များကို တစ်ပိုင်တစ်နိုင် ဝယ်ယူသည့်အတွက် ဆန်ဟောင်း ထက် ဆန်သစ်များ ဈေးကွက်တွင် အရောင်းအဝယ်သွက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)