![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8_89.jpg?itok=3U2ScPYf)
မန္တလေးစျေးကွက်အတွင်း သစ်သီးကုန်စိမ်းဝင်ရောက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်း ပြင်ဦးလွင်မြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတို့မှ အများ အပြားဝင်ရောက်ပြီး၊ အခြားဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ဒေသအသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအား မန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉ လမ်းနှင့် ၃၁ လမ်းကြား၊ ၈၄ လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက်ကြောင်း သိရပါတယ်။ စျေးချိုရှိ သစ်သီးပွဲရုံများမှ ဝယ်ယူ၍ မြို့ပေါ်ရှိ စျေးငယ်များသို့ တဆင့် ပြန်လည်ရောင်းချလျက်ရှိပါတယ်။ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်လျှက်ရှိသည့် သစ်သီးစျေးများအနေဖြင့် တစ်ပိဿာလျှင် လိမေ္မာ်သီး အပွ(အလုံးကြီး) ၂၀၀၀ဝိ/-နှင့် ၂၅၀၀ဝိ/-စျေး၊ ပျားလိမ္မော်နှင့် ရွှေလိမ္မော် ၈၀၀ဝိ/-နှင့် ၁၀၀၀ဝိ/- စျေး၊ စတော်ဘယ်ရီသီး(အကျွတ်သီး) ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/-စျေး၊စတော်ဘယ်ရီသီး(ချိုမွှေးသီး) ၁၃၀၀ဝိ/- နှင့် ၁၄၀၀ဝိ/- စျေး၊ ထောပတ်သီး(Hass မျိုး) ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/- စျေးတို့နှင့် အလုံးအရေအတွက်ဖြင့် ရောင်းချသည့် ကျွဲကောသီး(မော်လမြိုင်သီး) တစ်လုံးလျှင် ၂၅၀ဝိ/- နှင့် ၄၀၀ဝိ/- စျေး၊ပန်းသီးအလုံးကြီး(အကျွတ်သီး) တစ်လုံးလျှင် ၂၀၀ဝိ/- နှင့် ၃၀၀ဝိ/- စျေး၊ ဆန်းကစ် သီးတစ်လုံးလျှင် ၂၅၀ဝိ/-စျေးနှင့် ၃၀၀ဝိ/-စျေး၊ ပန်းသစ်တော်သီး(အလုံးကြီး) တစ်လုံးလျှင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-စျေးတို့ဖြင့် အသီးသီးရောင်းချလျှက်ရှိပါတယ်။ သစ်သီးအရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိပြီး၊ ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ ဖေဖော်ဝါရီလပထမပတ်အတွင်း သစ်သီးများ အရောင်းသွက်လျှက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)