Main menu

ငါး၊ပုဇွန်စျေးနှုန်းစျေးကွက်

Powered by Drupal

           ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်း  မန္တလေးမြို့၊သီရိမာလာစျေး(ပိုက်ကျုံးစျေး)ရှိ   ငါး၊ ပုဇွန် နှင့်ရေထွက်ပစ္စည်းများ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ ရေထွက်ပစ္စည်းဝင်ရောက်မှုမှာ မန္တလေးတိုင်း ဒေသတွင်းရှိ မွေးမြူရေးကန်များမှ တီလားဗီးယားငါး(ဂျပန်ငါး)၊ငါးကြင်းများ၊ရေချိုငါး မျိုးစုံနှင့် ပုဇွန်များ၊ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာပြည်အောက်ပိုင်းမှထွက်ရှိသော ငါး၊ပုဇွန်၊ဂဏန်း များနှင့် ရေထွက်ပစ္စည်းများဝင်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်သို့  ဝင်ရောက်မှာ တစ်ရက် ခြားလျှင်ကား(၁၀ ဘီး)၃စီးနှင့်၄စီးအကြားဝင်ရောက်မှုနှင့်ခေါက်တိုကန်တာကားအနေဖြင့် တစ်ရက် လျှင် ၅ စီးနှင့် ၆ စီးအကြား ဝင်ကြောင်း သိရပါတယ်။ သီရိမာလာစျေးမှ ငါး၊ ပုဇွန်နှင့်ရေထွက်ပစ္စည်း များအား လက်လီ/လက္ကားဝယ်ယူ၍ မန္တလေးမြို့ပေါ်ရှိစျေးများသို့   ရောင်းချကြောင်း  သိရပါတယ်။    ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း  ဖြစ်ပေါ်ခဲ့သည့် တစ်ပိဿာ စျေးနှုန်းများမှာ  ငါးသလောက် ၂၀၀၀ဝိ/- နှင့် ၃၅၀၀ဝိ/-၊   ငါးကြင်းဖြူ  ၁၂၀၀ဝိ/- နှင့်၁၆၀၀ဝိ/-၊   ငါးကြင်းမျက်စံနီ  ၁၂၀၀ဝိ/- နှင့် ၁၄၀၀ဝိ/- ၊ ငါးအုံတုံ ၁၀၀၀ဝိ/-နှင့် ၁၄၀၀ဝိ/- ၊ ငါးမြစ်ချင်း၊ ငါးပတ်နှင့်ငါးရံ့များမှာ  ၁၃၀၀ဝိ/- နှင့် ၁၆၀၀ဝိ/-၊   တီလားဗီးယား (ဂျပန်ငါး)  ၈၀၀ဝိ/- နှင့်  ၁၀၀၀ဝိ/-၊ကတ်ကတစ်ငါး  ၃၀၀၀ဝိ/-    နှင့် ၃၃၀၀ဝိ/- စျေးတို့ဖြင့်  ရောင်းချလျက်ရှိပြီး၊  အရွယ်အစားအလိုက်အနည်းငယ်စျေးနှုန်းကွာခြားမှုရှိ ပါတယ်။ မွေးမြူရေးပုဇွန်စျေးမှာ အမျိုးအစားအလိုက် တစ်ပိဿာလျှင်  ၁၀၀၀ဝိ/-နှင့်  ၁၃၀၀ဝိ/-၊ ပုဇွန်ကြားနှင့်ရေချိုပုဇွန်တုတ်မှာ ၃၅၀၀ဝိ/- နှင့်  ၅၀၀၀ဝိ/-၊ ပြည်ကြီးငါး ၃၀၀၀ဝိ/- နှင့်  ၅၀၀၀ဝိ/-၊ ဂဏန်း ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ ကင်းမွန် ၂၀၀၀ဝိ/-နှင့် ၂၅၀၀ဝိ/- ၊ရေဘဝဲ ၂၀၀၀ဝိ/-နှင့် ၄၅၀၀ဝိ/- စျေးတို့ဖြင့်  အသီးသီးဖြစ်ပေါ်လျက်ရှိပြီး၊ ငါး၊ပုဇွန်ပေါက်စျေးမှာပြောင်းလဲမှုမရှိသော်လည်းအရောင်း သွက်လျှက်ရှိကြောင်း   သိရပါတယ်။ သီရိမာလာစျေးရှိ ရေထွက်ပစ္စည်းအရောင်းဆိုင်မှ ပြောပြချက် အရ  ဖေဖော်ဝါရီလပထမပတ်အတွင်း ရေထွက်ပစ္စည်းများ အရောင်းသွက်လျက်ရှိကြောင်း သိရပါ တယ်။  

DOCA(မန္တလေး)