ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များတွင် ဒေသအတွင်းထွက်ရှိသည့် မျှစ်များ လှိုင်လှိုင်ထွက်ရှိချိန်တွင် မျှစ်ချဉ်/မျှစ်ချိုများကို နှစ်ပတ်လည်ရောင်းချရန်အတွက် စဉ့်အိုးများ၊ အင်တုံများ၊ ပလပ် စတစ်အကြည်အိပ်များနှင့် သိပ်ထားပြီး ဒေသထွက်မျှစ်ချဉ်ကို ရောင်းချလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို မန္တလေးမြို့မှ မှာယူ ရောင်းချလျက်ရှိ ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများ ကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရသည်။

၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင်းသို့ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဘူးသီးများ စိုက်ပျိုးကာ ဒေသထွက် ဘူးသီးများ ဈေးကောင်းရရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန (DA) မှ တင်သွင်းလာသော ဆန်များအား အကြံပြုထားသော လက်လီစျေးနှုန်း (MSRP) ကို တစ်ကီလိုလျှင် ၅၈ ပီဆိုမှ ၅၅ ပီဆို (၀.၉၄ ဒေါ်လာ) သို့ လျှော့ချရန် အစီအစဉ်ကို ၄.၂.၂၀၂၅ ရက်နေ့က ကြေညာခဲ့သည်။ စားနပ်ရိက္ခာ စျေးနှုန်းကြီးမြင့်မှုဖြင့်ရုန်းကန်နေ ရသော ဖိလစ်ပိုင်စားသုံးသူများအတွက် သက်သာရာရစေရန် ဆောင်ရွက်မှုပင်ဖြစ်သည်။ စိုက်ပျိုးရေး ဝန်ကြီး Francisco Tiu Laurel သည် ဒေသတွင်းဆန်ဈေးနှုန်းများ ထူးထူးခြားခြား မြင့
