ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မြို့နယ်များမှ စပါးစိုက်ပျိုးပြီး ထွက်ရှိလာသော စပါးများကို ကြိတ်ခွဲရာမှ ထွက်ရှိလာသော ဆန်ကွဲများကို ရန်ကုန်သို့အဓိကထား တင်ပို့ပြီး ရန်ကုန် ဘုရင့်နောင်၊ ရွှေပြည်သာ၊ လှိုင်သာယာ ပွဲရုံ၊ မရမ်းကုန်းပွဲရုံ၊ အလုံဆိတ်ကမ်း အလုံမြို့တို့ကိုသာ တင်ပိုကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ နှင်းသီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများ ကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရ သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ မိုးစပါး။ နွေစပါး စိုက်ပျိုးနေပြီး မအူပင်ခရိုင် အနေဖြင့် မြို့နယ်များအပါအဝင် ဆန်စက်အလုံးရေ (၁၀၇)လုံး ရှိပြီး စိုက်ပျိုးပြီး ၂၀၂၄-၂၀၂၅ခုနှစ်ထွက် မိုးစပါးများ ရိတ်သိမ်းထွက်ရှိပြီးဖြစ်၍ ဝယ်ယူကြိတ်ခွဲလျက်ရှိသည်။ ဆန်နှင့် ကြိတ်ခွဲထွက်ရှိမှုများကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြား ဒေသများသို့ (စီးထွက်) လျက်ရှိသည်။ ရန်ကုန်သို့ ဆန်စီးထွက်မှုမှာ ၂၀၂၄ ခုနှစ် ဒီဇက်ဘာလ ၁လတွင်း (၄)မြို့နယ် ဆန်အိတ်

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ စိုက်ပျိုးထွက်ရှိသော ထိုင်ဝမ်ဖရဲသီးအဝါ မအူပင်မြို့သို့ ဝင်ရောက်နေပြီး ဖရဲသီးရောင်းချသူများ ရှိကြောင်းသီးရသည်။ ထိုင်ဝမ်မျိုးကို ဝယ်ယူစိုက်ပျိုးပြီး အဝါရောင်ဖရဲသီးများမှာ အခွံစိမ်းစိမ်း၊ အတွင်းသား အဝါရောင်သမ်းနေသော ဖရဲသီးနှင့် အနီရောင်သန်းသော ဖရဲသီးဟူ၍ (၂)မျိုးရှိပြီး ဖရဲသီး အဝါကိုပဲ မှာယူရောင်းချကြောင်း သိရသည်။

မအူပင်မြို့သို့ ဘိတ်၊ကော့သောင်း ကွမ်းသီးများ ၂၀၂၃ခုနှစ် အောက်တိုဘာလမှ ၂၀၂၅လုနှစ် ဖေဖော်ဝါရီလအထိ ခန့်မှန်း တန်ချိန် ၅၅၀၀၀ ခန့်ဝင်ရောက်လျှက် ရှိကြောင်း မအူပင်မြို့ ကွမ်းသီးအရောင်းအဝယ် ကုန်သည်များထံမှ သိရသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးပင်ကို ပဲခူးတိုင်း (အရှေ့) တောင်ငူ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေး၊ ကျိုက္ခမီနှင့် စစ်တွေတို့တွင် အများဆုံးစိုက်ပျိုးကြပြီး မအူပင်မြို့တွင်လည်း ကွမ်းသီး စိုက်ဧက ၉၆၀ဧက ရှိကြောင်း သိရသည်။