![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7_17.png?itok=tSpEYe53)
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ မိုးစပါး။ နွေစပါး စိုက်ပျိုးနေပြီး မအူပင်ခရိုင် အနေဖြင့် မြို့နယ်များအပါအဝင် ဆန်စက်အလုံးရေ (၁၀၇)လုံး ရှိပြီး စိုက်ပျိုးပြီး ၂၀၂၄-၂၀၂၅ခုနှစ်ထွက် မိုးစပါးများ ရိတ်သိမ်းထွက်ရှိပြီးဖြစ်၍ ဝယ်ယူကြိတ်ခွဲလျက်ရှိသည်။ ဆန်နှင့် ကြိတ်ခွဲထွက်ရှိမှုများကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြား ဒေသများသို့ (စီးထွက်) လျက်ရှိသည်။ ရန်ကုန်သို့ ဆန်စီးထွက်မှုမှာ ၂၀၂၄ ခုနှစ် ဒီဇက်ဘာလ ၁လတွင်း (၄)မြို့နယ် ဆန်အိတ် ၂၂၉၂၅၈ အိတ်နှင့် တန်အားဖြင့် ၁၁၄၀၀ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁လအတွင်း မအူပင် ဆန်တင်ပို့မှု အိတ် ၉၀၂၃၊ ပန်းတနော် ဆန်တင်ပို့မှု ၁၇၆၃၅၊ ညောင်တုန်းဆန်တင်ပို့မှု ၂၀၂၁၆၉၊ ဓနုဖြူဆန်တင်ပို့မှု ၃၅၈၁၆ အိတ်နှင့် အခြားမြို့နယ်များမှ ဆန်တင်ပို့မှု ၄၁၁၀၁၂ အိတ်တင်ပို့ပြီး၊ (၄)မြို့နယ် တင်ပို့မှုနိုင်မှု အနေဖြင့် ၂၆၄၆၄၃ အိတ် တင်ပို့ခဲ့ကြောင်း၊ တန်အားဖြင့် ၁၃၂၀၀တန် ကိုလည်းကောင်း၊ အခြားမြို့နယ် တင်ပို့နိုင်မှု တန်အားဖြင့် ၂၀၅၀၀ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ယခင်လနှင့် နှိုင်းယှဉ်ကြည့်ပါက ယခင်ထက် တန် ၁၈၀၀ တင်ပို့ခဲ့ပြီး၊ ဒီဇင်ဘာလ ၂၀၂၃ ခုနှစ်က အခြားမြို့နယ် တင်ပို့မှု မှာ ၄၁၁၀၁၂ အိတ်ဖြစ်ပြီး တန်အားဖြင့် ၂၀၆၀၀ တင်ပို့နိုင်ခဲ့သောကြောင့် ယခုလ အခြားမြို့နယ် တင်ပို့မှု ထက် တန် ၁၀၀ တင်ပို့နိုင်ကြောင်းကို နယ်စပ်ဖြတ်ကျော် ပန်တိုင် စစ်ဆေးရေး စာရင်းများအရ သိရသည်။
DOCA(ဧရာဝတီ)