ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀၀/ ၄၀၀၀/ ၃၀၀၀)ကျပ်၊ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ရှိနေခဲ့ပြီးဖေဖော်ဝါရီလပထမပတ် ကြက်သွန် နီတစ်ပိဿာလျှင် (၄၀၀၀/၃၅၀၀/၃၀၀၀/)ဈေးနှုန်းတို့အသီးသီးရှိနေကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲ လျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ ကိုလေ့လာ၍ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်အထက်အဆင့်ဆင့်သို့တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ဘုကြီးအုပ်စု၊ ပုဏ္ဏရိပ် ကျေးရွာရှိ စတားစီးတီးသောက်ရေသန့်စက်ရုံသို့(၆.၂.၂၀၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန မှမြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းတစ်ဦးသည် ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၁၉၈၀ခုနှစ်ခန့်မှစတင်၍ ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရန် (၁၀၀)စီမံကိန်းအဖြစ်စတင်လုပ်ကိုင်ခဲ့ပါသည်။ လက်ပံတန်းမြို့ နယ်သည် ဧရာဝတီမြစ်ကမ်းနံဘေးတွင်တည်ရှိပြီး မြစ်မခမြစ်ရေများ ဖြတ်သန်းစီးဆင်းသဖြင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ရေကြီးရေလျှံ ရေနက်ကွင်းများရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊လက်ပံတန်းမြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိ သော ကြက်ဥ / ဘဲဥ လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ ကြက်ဥ အကြီးတစ်လုံးလျှင် (၅၀၀)ကျပ် ၊ကြက်ဥ အလတ်တစ်လုံးလျှင် (၄၅၀)ကျပ်၊ ကြက်ဥအသေး တစ်လုံး လျှင် (၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
