ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း၊ မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၀၀၀၀)ကျပ်၊ မတ်ပဲ(မျက်ကွင်းဖြူ)တစ်တင်းလျှင်(၈၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ ရှိပွဲရု

အပူပိုင်းဒေသဖြစ်သည့် မြန်မာနိုင်ငံ၏ အလယ်ပိုင်းတွင် အညာဒေသ၏အမှတ်အသား ဖြစ်သည့် မန်ကျည်းပင်များ ပေါများစွာပေါက်ရောက်လျက်ရှိပြီး မန်ကျည်းပင်သည် အရိပ်အာဝါသ ပေးသော အပင်ဖြစ်သည့်အပြင် အသီးကို အစာအာဟာရအဖြစ်သော်လည်းကောင်း၊ ကျန်းမာရေးအတွက် ဆေးအဖြစ်သော်လည်းကောင်း အသုံးပြကြပါသည်။ မန်ကျည်းပင်တစ်ပင်လုံး၏ အသုံးဝင်ပုံမှာ မန်ကျည်းရွက်နု၊ မန်ကျည်းသီးစိမ်း၊ မန်ကျည်းသီးမှည့်ဟူ၍ ကဏ္ဍအလိုက် အသုံးဝင်သော အသီးဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ် အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၄၇၀)ကျပ်၊ ဥလတ်တစ်လုံးလျှင်(၄၅၀)ကျပ်၊ ဥသေးတစ်လုံးလျှင်(၄၂၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင်(၈၀၀) ကျပ်၊ ဥသေးတစ်လုံးလျှင် (၇၅၀)ကျပ်၊ ငုံးဥ(၈)လုံးလျှင် (၁၀

မုန့်ညှင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။အေးသောဒေသကိုပို၍ နှစ်သက်သည်။မုန့်ညှင်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့် ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည် မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံး စွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။
