![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/171_7.jpg?itok=CiFquLzh)
မုန့်ညှင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။အေးသောဒေသကိုပို၍ နှစ်သက်သည်။မုန့်ညှင်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့် ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည် မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။
မုန့်ညှင်းရွက်သည် မြေမရွေးသော်လည်း မြေဆီသြဇာ ပြည့်စုံမှုရှိရန် အထူးအရေးကြီး သည်။ မုန့်ညှင်းကို မြန်မာပြည်တွင် မေလမှ ဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်သည်။စိုက်ချိန်တွင် မြေ အစိုဓါတ် လုံလောက်စွာရရှိနေရန် အရေးကြီးသည်။စိုက်ပြီး(၂၅-၃၀)ရက်ကြာသော် မုန့်ညှင်းရွက်များကို စားသုံးနိုင်ပြီးဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင် ရောင်းချနေသော ကုန်စိမ်း သည်များထံမှ မုန့်ညှင်းစျေးနှုန်း (၅၀၀-၇၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)