![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/175_6.jpg?itok=dQJiLRES)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း၊ မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၀၀၀၀)ကျပ်၊ မတ်ပဲ(မျက်ကွင်းဖြူ)တစ်တင်းလျှင်(၈၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
ယခုအခါ ဈေးကွက်အတွင်း မတ်ပဲသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလဒုတိယပတ်အတွင်း မတ်ပဲဈေးနှုန်း တစ်တင်းလျှင်(၅၀၀၀)ကျပ်ကျဆင်းသွားကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)