Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 Feb 2025

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းတွင် မိသားစု စားဝတ်နေရေး အတွက် ကုန်စိမ်းသီးနှံအစုံရောင်းချပြီး ဝင်ငွေရှာနေသူများရှိရာ ယခု အခါတွင် ရာသီပေါ်အသီးအရွက် များဖြစ်သည့် တမာရွက်၊ ချဉ်ပေါင်ရွက်၊ ကန့်လန့်ဖူး၊ နံနံပင်၊ ပဲကြီးအစို၊ ဘိုစားပဲအစို၊ စားတော်ပဲစို ၊ ဓေါပတ်ပဲစိုမုံလာသီး၊ ပန်းမုံလာ၊ မုံလာထုတ်၊ ခါကြက်ဥ၊ ခရမ်းသီး၊ သံပုရာသီး၊ နှင့် ခရမ်းချဉ်သီး စသည့်သီးနှံများရောင်းချလျက်ရှိပါသည်။

13 Feb 2025

      ဖေဖော်ဝါရီလဒုတိယပတ်အတွင်းကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက် ကုန်စိမ်းသီးနှံများ ဝင်ရောက်မှုများပြားကြောင်း သိရပါတယ်။ မန္တလေးမြို့ ၄၁ လမ်းစျေး (ကမ်းနားလမ်းစျေး)နှင့် သီရိမာလာဈေး(ပိုက်ကျုံးစျေး)တို့ မှာ ဟင်းသီး ဟင်းရွက်ကုန်စိမ်းများလက်လီ/လက္ကားရောင်းချသည့်စျေးများဖြစ်ပါတယ်။ ၄၁လမ်း စျေးမှာမန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ   ဝင်ရောက်မှုများပြီး၊ သီရိမာလာစျေးမှာ   မန္တလေး

13 Feb 2025

မန္တလေးဈေးကွက်အတွင်းသို့ တောင်ငူ၊ ပဲခူးနယ်မှ လာသော မရမ်းသီးများ လှိုင်လှိုင်ဝင်ရောက် လျှက်ရှိပါသည်။ ရာသီစာဖြစ်သော မရမ်းသီးများကို ပေါ်ဦးပေါ်စ ဒီဇင်ဘာလဆန်းပိုင်းမှ စ၍ ဈေးကွက် အတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။ စတင်ထွက်ပေါ်ချိန်၌ မရမ်းသီးတစ်ပိဿာလျှင် (၉၀၀၀၀)ကျပ်၊ တစ်ဆယ်ကျပ်သားလျှင်(၉၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရှားရှားပါးပါးဝယ်ယူရပါသည်။ ယခုအချိန်တွင် မရမ်းသီးများ ဖြိုင်ဖြိုင်ဝင်ရောက်လာပြီးဖြစ်၍ မရမ်းသီးဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့ပါသည်။ လက်ရှိအချိန်တွင် ဈေးကွက်အတွင်း၌ မရမ်းသီးတ

13 Feb 2025

မန္တလေးဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ်ဘက်မှလာသော ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီများအပြင် ပြင်ဦးလွင်ဒေသထွက် ပန်းမုံလာ(ခေါ်)ပန်းဂေါ်ဖီများနှင့် ဒေသထွက် ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီများ အများ အပြား လှိုင်လှိုင်ဝင်ရောက်လျှက်ရှိပါသည်။ ဆောင်းရာသီစာများဖြစ်သော မုံညင်း၊ ကိုက်လန်၊ ဆလပ်ရွက် တို့နှင့်အတူ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ယခုအခါ ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီများ အများအပြား ဝင်ရောက်ခဲ့ခြင်းကြောင့် ဈေးနှုန်းများ သိသိသာသာကျဆင်းသွားပါသည်။ ပေါ်ဦးပေါ်စ ဒီဇင်ဘာလဆန်းပိုင်း တွင်ပန်းမုံလာ(ခေါ်)ပန

13 Feb 2025

        မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ် မြို့မဈေးတွင် ရောင်းချလျှက် ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်း ကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျှက်ရှိပြီး လိုအပ်ချက်ရှိပါက မန္တလေးမှလည်း ဝယ်ယူရောင်းချကြကြောင်း သိရှိရသည်။ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်ခဲ့သော ကြက်ဥ၊ ငုံးဥ၊ ဘဲဥဈေးနှုန်းများမှာ အလုံးအကြီးအသေး ပေါ်မူတည်၍ ကြက်ဥတစ်လုံးလျှင်(၄၀၀/၄၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၆၀၀/၇၀၀)ကျပ်၊ ငုံးဥ(၁၀) လုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိခဲ့ပါသည

Pages