ကုန်သွယ်မှုသတင်းများ
ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်း၌ ရွှေဖရုံသီးများကို ရောင်းချလျက်ရှိရာ ရွှေဖရုံသီးကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး ယခု ရာသီကာလများတွင် ကန့်ဘလူမြို့နယ် တစ်ဝိုက်ရှိ ကျေးရွာများ နှင့် ရေဦးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

ကန့်ဘလူမြို့တွင် ဒေသထွက် လက်လုပ်ချဉ်အမျိုးမျိုးကို လုပ်ကိုင်လျက်ရှိပြီး ပဲတီပင်ပေါက်ချဉ်၊ မုန့်ညှင်းချဉ်၊ သရက်ချဉ်၊ မုံလာချဉ်၊ သရက်သီးကုလာတည်ချဉ်၊ နှမ်းပတ်ချဉ်နှင့် သံပုရာချဉ် တို့ကို လုပ်ကိုင် ရောင်းချလျက်ရှိရာ ပဲတီပင်ပေါက်ချဉ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကန့်ဘလူ မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများ၊ နှစ်ရှည် သီးနှံပင်များကို စိုက်ပျိုးထားကြသည့်အနက် နှစ်ရှည်ပင်ဖြစ်သည့် ပိန္နဲပင်သည်လည်း တစ်မျိုးပါဝင် ပါသည်။ ပိန္နဲသီးပြုတ်ကို ယခု ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စတင်ပေါ်ထွက်လာပြီး ဈေးကွက် အတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ပိန္နဲသီးပြုတ်ကို မိမိတို့ဒေသတွင်သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစာ

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများရှိသလို လက်လုပ်လက်စားလုပ်ငန်းလုပ်ကိုင်ပြီး တောတောင်ဒေသကိုအမှီပြု၍ နွေရာသီ ချိန်တွင် ပျားဖွတ်၍ ပျားရည်နှင့်ပျားသလက်ရှာဖွေသည့် လုပ်ငန်းကိုလုပ်ကိုင်ကြပြီး ပျားရည်နှင့် ပျားသလက်ကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။
