ကုန်သွယ်မှုသတင်းများ
ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကန့်ဘလူ မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာစားသုံးကြသည့် အစားအစာများတွင် ငါးပိသည်လည်း တစ်ခုအပါအဝင်ဖြစ် ပေသည်။ ငါးပိတွင် ရေချိုငါးပိနှင့် မျှင်ငါးပိဟူ၍ နှစ်မျိုးရှိပါသည်။ ထားဝယ် ဒေသတွင် မျှင်ငါးပိကို စိမ်းစားငါးပိဟု လည်းခေါ်သည်။ မျှင်ငါးပိကို မျှင်ကောင်(ပုဇွန်ငယ်တစ်မျိုးဖြင့်) ပြုလုပ်ရ၍ မျှင်ငါးပိဟု ခေါ်ဆိုကြသည်။ မျှင်ငါးပိ (ပုဇွန်ငါးပိ)၏ အခြေခံကုန်ကြမ်းမှာ စက်တင်ဘာ လမှ ဒီဇင်ဘာလအတွင်း ကမ်းခြေအနီးတွင် ဝင်ရောက်ကျက်စားလေ့ရှိသော မျှင်ကောင်လေးများ ဖြစ်ပါသည်။ မျှင်ကောင်မှရသောဥကို “ဂွေးဥ”ဟုလည်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းတွင် ရာသီပေါ်သီးနှံမျိုးစုံကို စိုက်ပျိုး ရောင်းချလျက်ရှိပြီး ဒန့်သလွန်သီးသီးနှံကို နေအိမ်ခြံဝန်းအတွင်း တစ်ပင်နှစ်ပင်ခန့် စိုက်ပျိုးကြပါ သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထာဝယ်မြို့ရှိ ကျေးရွာများမှ ဒေသခံတောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေ ရရှိစေရေး ရွှေဖရုံသီးများ တနိုင်တပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများသည် မိမိတို့စိုက်ခင်းမှထွက်ရှိလာသော ရွှေဖရုံသီးများကို ထားဝယ်မြို့ ပေါ်ဈေးများကိုယ်တိုင်ရောင်းချခြင်း (သို့) တစ်ဆင့် ပြန်လည်ရောင်းချသူများအား ဖောက်သည် ပေး၍လည်း ရောင်းချကြသည်။ထားဝယ်မြို့မေတ္တာကမ္ဘာအေးဈေးတွင် ရောင်းချလျက် ရှိသော ရွှေဖရုံသီးဈေးနှုန်းများမှာ ရွှေဖရုံသီးအလုံးကြီး လက်ကားဈေးနှုန်း တစ်

ကျောက်ဖရုံသီးကို နေရာဒေသမရွေး စိုက်ပျိုးကြပါသည်။ ကျောက်ဖရုံသီးကို တန်ခူး၊ ကဆုန်မိုးဦးကျကာလတွင် စိုက်ပျိုးကြပြီး မိုးတွင်းတတွင်းလုံး အပင်ဖြစ်ထွန်းပြီး အသီးအမှည့်များ ဝေဝေဆာဆာဖြစ်ထွန်းကာ တော်သလင်း၊သီတင်းကျွတ်တွင် အသီးများခူးဆွတ်ရပါသည်။
ကျောက်ဖရုံသီး ကို အလှူ၊မင်္ဂလာဆောင်၊စတုဒီသာ ကျွေးမွေးဧည့်ခံပွဲများတွင် ဝက်သားနှင့် ကျောက်ဖရုံ ဝက်သပြွန်းဟင်း၊ ကြက်သားနှင့်ကျောက်ဖရုံကြက်သပြွန်း ဟင်းချက်၍ အချဉ်သုပ်၊ ငရုတ်သီးကြော်ဖြင့် တည်ခင်းကျွေးမွေးကြပါသည်။
