ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိကျေးရွာများသည် သီးနှံ မျိုးစုံကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီသီးနှံ ကို ပင်စိုက်နှင့်ဥစိုက်အနေဖြင့် စိုက်ပျိုးလျက်ရှိပြီး ပန်းတော်ပြင်ကျေးရွာ၌ ဥစိုက်ကြက်သွန်နီကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလတွင် ဧက (၁၅)ဧကနီးပါး စိုက်ပျိုးထားကြောင်း သိရသည်။

ဘားအံမြို့၊ ဖေဖော်ဝါရီ ၁၄
၂၀၂၅ခုနှစ်၊ ဆောင်းအကူး ဖေဖော်ဝါရီလ တွင် ကရင်ပြည်နယ်ဒေသထွက် လောင်စာမီးသွေးဈေးနှုန်း အနည်းငယ်မြင့်တက်နေကြောင်းသိရသည်။

ဘားအံမြို့ ၁၄ ဖေဖော်ဝါရီ

ဘားအံမြို့ ၁၄ ဖေဖော်ဝါရီ
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင် ရာသီစာသီးနှံဖြစ်သည့် မရမ်းသီးများ ဈေးကောင်း ရလျက်ရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ကြံကြိတ်ဝါးရာသီကာလတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်မှ နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်မှ အင်ငါးခွသကြားစက်တို့မှာ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့မှစတင်၍ လည်ပတ်ကြိတ်ဝါးနေပြီဖြစ်ပါသည်။ ကြိတ်ဝါးကာလမှာ (၃)လခန့်ကြာမြင့်မည်ဖြစ်ပြီးနဝဒေး သကြားစက်အနေဖြင့် ကြံတန် ၂၃၀၀၀၀ခန့်နှင့် အင်ငါးခွသကြားစက်အနေဖြင့် ကြံတန် ၁၃၀၀၀၀ခန့် ကြိတ်ဝါးရန်လျာထားပါကြောင်း သိရှိရပါသည်။
