![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/1_233.jpg?itok=KFEbATMO)
ဘားအံမြို့ ၁၄ ဖေဖော်ဝါရီ
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင် ရာသီစာသီးနှံဖြစ်သည့် မရမ်းသီးများ ဈေးကောင်း ရလျက်ရှိကြောင်း သိရသည်။
ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိသည့်မရမ်းသီးကို ဆောင်းရာသီ အအေးဓာတ်မကုန်ခင်အချိန်တွင် ဆားရည်စိမ်၍ပဲစားစား၊ဆေးသကြားလေးနှင့် အချိုစိမ်ပြီးပဲစားစား၊ ပါးပါးလှီးပြီးသုပ်ပဲစားစား၊ ငပိလေးနဲ့ ရောထောင်းပြီးစားစား၊ မျှင်ငါးပိ/ငါးလေးရေကျိုငါးပိနှင့်ပဲတွဲဘက်ပြီးကြော်စားစား ခံတွင်းတွေ့၍ ထမင်းမြိန် စေသည်။ မြန်မာလူမျိုးများကြိုက်နှစ်သက်လှသည့် စားသောက်ဖွယ်ရာ သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။
ပွင့်လင်းရာသီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် မရမ်းသီးဈေးနှုန်းများမှာ မရမ်းသီး တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ မရမ်းသီးတစ်ဗူးလျှင်(၂၀၀၀)ကျပ်တို့ဖြင့် ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။
DOCA(ကရင်)