Main menu

ဘားအံမြို့ ဒေသထွက် ကင်ပွန်းချဉ်ရွက်နှင့်(ပတက်စာ) ဈေးနှုန်းအခြေအနေ

Powered by Drupal

ဘားအံမြို့ ၁၄ ဖေဖော်ဝါရီ

           ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင် ရာသီစာဟင်သီးဟင်းရွက်ဖြစ်သည့် ကင်ပွန်းချဉ်ရွက် နှင့်(ပတက်စာ)များ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ ကင်ပွန်းချဉ်ရွက်ကို ဘားအံမြို့ အနီးတဝိုက် ကျေးရွာများတွင် တစ်နိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ကပွန်းချဉ်ရွက်ကို (ပတက်စာ)နဲ့ချည်ရည်ဟင်းချို ကျဲကျဲအရည်သောက်ပဲချက်ချက်၊ ငါးလေးနဲ့ပဲချက်ချက်၊ ပုဇွန်စိတ် ကလေးနဲ့ပဲကြော်စားစား၊ ထမင်းမြိန်ကာစားလို့ကောင်းရုံသာမက ကျန်းမာရေးကိုလည်း အထောက်အကူ ပြုဖြစ်စေသည်။ ကင်ပွန်းချဉ်ရွက်ကို အစည်းလိုက်ရောင်းချကြရာ  ကင်ပွန်းချဉ်ရွက် အစည်းသေး တစ်စည်း (၁,၀၀၀) ပတက်စာ (၁,၀၀၀) ကျပ်တို့ဖြင့် ပေါ်ဦးပေါ်ဖျား အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်း သတင်းရရှိပါသည်။   

DOCA(ကရင်)