
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိကျေးရွာများသည် သီးနှံ မျိုးစုံကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီသီးနှံ ကို ပင်စိုက်နှင့်ဥစိုက်အနေဖြင့် စိုက်ပျိုးလျက်ရှိပြီး ပန်းတော်ပြင်ကျေးရွာ၌ ဥစိုက်ကြက်သွန်နီကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလတွင် ဧက (၁၅)ဧကနီးပါး စိုက်ပျိုးထားကြောင်း သိရသည်။
မျိုးအနေဖြင့် ရွှေဖလားမျိုးကို ရေနံချောင်းမြို့မှ(၁)ပြည်လျှင် ကျပ်(၁)သိန်းဖြင့် ဝယ်ယူရပြီး (၁)ဧကလျှင် မျိုး(၆)ပြည်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ကြောင်းဆွဲဘောင်တင်စနစ်ဖြင့် ရေသွင်းစိုက်ပျိုးပြီး ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် တူးဖော်ရမည်ဖြစ်ကြောင်း၊ ကုန်ကျစရိတ် အနေဖြင့် (၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခ၊ ရေသွင်းခနှင့် အခြားသွင်းအားစုစရိတ်အပါ အဝင် စုစုပေါင်း ကျပ်သိန်း(၃၀)ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် ပိဿာချိန်(၃၀၀၀)ထွက်ရှိပြီး ကြက်သွန်နီသစ်ထွက်ပေါ်စအချိန်တွင် (၁)ပိဿာလျှင် ကျပ်(၃၀၀၀) ဈေးရရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၆၀)နီးပါးရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန် မြို့၊ ဘုရင့်နောင်ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ယခု၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (ဒုတိယပတ်)တွင် ပျိုးပင်စိုက်ကြက်သွန်နီစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကြက်သွန်နီစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)