Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Feb 2025

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ယခုဖေဖေါ်ဝါရီလအချိန်အတွင်းသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် အိမ်ဆောက်ပစ္စည်းလုပ်ငန်းများ အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။ အိမ်ဆောက်ပစ္စည်းများထဲတွင် မရှိမဖြစ်သောအရာသည် ဘိလပ်မြေဖြစ်ပါသည်။

          ဘိလပ်မြေလိုအပ်ချက်များအား ပြည်တွင်းဘိလပ်မြေစက်ရုံများ၏ ထုတ်လုပ်မှုများအပြင် ပြည်ပဘိလပ်မြေများကို နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှ တင်သွင်းခွင့်ပြုထား ကြောင်းလည်းသိရသည်။

14 Feb 2025

               ဒန့်သလွန်သီးနှင့် ဒန့်သလွန်ရွက်ကို မြန်မာလူမျိုးများက နှစ်သက်စွာ ချက်ပြုတ်စားသောက် လေ့ရှိကြပါသည်။ ဒန့်သလွန်သီးသည် နူးညံ့ပြီး အရသာရှိသောကြောင့် တန်ဖိုးထားစားသုံးသော လူကြိုက်များသော အသီးအနှံဖြစ်သကဲ့သို့ အရွက်များကိုလည်း ဟင်းချို၊ အတို့အမြှုပ် စသည်ဖြင့် အမျိုးမျိုးချက်ပြုတ် စားကြသောက်ကြပါသည်။ ဒန့်သလွန်သီးကို ချဉ်ရည်ဟင်း ချက်ပြုတ်လေ့ရှိပြီး ဒန့်သလွန်ရွက်ကို ကြော်လို့ တဖုံ၊ ဟင်းခါး ရည်ချက်လို့တမျိုး စားကြပါသည်။ ဒန့်သလွန်သီး အသီးနုများကို ဟင်းချက်စားကြပြီး ရင့်သော

14 Feb 2025

           တောင်ငူမြို့နယ်အတွင်းရှိဈေးများသို့ ရှမ်းပြည်နယ်၊တောင်ကြီးဒေသထွက် ခရမ်းချဉ်သီးများ ဝင်ရောက်လျက်ရှိရာ ဖေဖေါ်ဝါရီလအတွင်း ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျဆင်းလျက် ရှိပါသည်။

14 Feb 2025

            တောင်ငူမြို့နယ်လူဦးရေ၏ ၈၀% ခန့်သုံးစွဲလျှက်ရှိသော မော်တော်ဆိုင်ကယ်များအား ဖြန့်ဖြူးရောင်းချလျက်ရှိရာ လူကြိုက်များပြီး အရောင်းသွက်နေသော မော်တော်ဆိုင်ကယ် အမျိုးအစားမှာ NCX 100 နှင့် CLICK 125 များသည် ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လျက် ရှိပါသည်။

14 Feb 2025

             မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။  မြန်မာနိုင်ငံသည် ဆန်ကိုအဓိကထားစားသုံးကြ၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် စပါးကို အဓိကစိုက်ပျိုးကြသည်။မြန်မာနိုင်ငံ အနှံ့အပြားတွင် စပါးကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပြီး ရေရရှိမှုအပေါ်မူတည်၍စိုက်ပျိုးချိန်နှင့်စိုက်ပျိုးရာသီများ ကွဲပြားခြားနားကြသည်။  စစ်ကိုင်းတိုင်း ဒေသကြီးတွင်ခရိုင်/မြို့နယ်အလိုက် စပါးစိုက်ပျိုးရာ ရွှေဘိုခရိုင်၏ စပါးအဓိက စိုက်ပျိုးမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးသ

Pages