Main menu

တောင်ငူမြို့တွင် ခရမ်းချဉ်သီးများဈေးနှုန်းကျဆင်း

Powered by Drupal

           တောင်ငူမြို့နယ်အတွင်းရှိဈေးများသို့ ရှမ်းပြည်နယ်၊တောင်ကြီးဒေသထွက် ခရမ်းချဉ်သီးများ ဝင်ရောက်လျက်ရှိရာ ဖေဖေါ်ဝါရီလအတွင်း ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျဆင်းလျက် ရှိပါသည်။

          ယခုလအတွင်း တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝါးတီးကျေးရွာမှ ဒေသထွက် ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသထွက်ခရမ်းချဉ်သီးများ ယခင်လတွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်ရှိရာမှ ယခုလတွင် ၂၀၀၀ ကျပ်သို့လည်းကောင်း၊ ယခင်လက ဒေသထွက် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၀၀၀ ကျပ်ရှိရာမှ ယခုလတွင် ၁၀၀၀ ကျပ်သို့လည်းကောင်းအသီးသီး ဈေးနှုန်းကျဆင်းလျက်ရှိပါသည်။ ဒေသထွက်ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါ်လာသဖြင့် ကျေးရွာများတွင် ခရမ်းချဉ်သီးယိုများပြုလုပ်လေ့ရှိပါသည်။

          ခရမ်းချဉ်သီးဈေးများကျဆင်းလာသော်လည်း အရောင်းအဝယ်သွက်၍ ရောင်းအားကောင်း လျှက်ရှိကြောင်း ညောင်ပင်လေးဈေးမှ ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)