Main menu

ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ရောင်းချနေသော ဘိလပ်မြေဈေးနှုန်း

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ယခုဖေဖေါ်ဝါရီလအချိန်အတွင်းသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် အိမ်ဆောက်ပစ္စည်းလုပ်ငန်းများ အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။ အိမ်ဆောက်ပစ္စည်းများထဲတွင် မရှိမဖြစ်သောအရာသည် ဘိလပ်မြေဖြစ်ပါသည်။

          ဘိလပ်မြေလိုအပ်ချက်များအား ပြည်တွင်းဘိလပ်မြေစက်ရုံများ၏ ထုတ်လုပ်မှုများအပြင် ပြည်ပဘိလပ်မြေများကို နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှ တင်သွင်းခွင့်ပြုထား ကြောင်းလည်းသိရသည်။

          ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ရောင်းချနေသော ဘိလပ်မြေများဖြစ်သည့် ကြံ့နီတစ်အိတ်လျှင် (၂၇၀၀၀)ကျပ်၊ Alpha တစ်အိတ်လျှင် (၂၇၀၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ပြည်ခရိုင်အနေဖြင့် ပစ္စည်းပြတ်လပ်မှုမရှိဘဲ ပစ္စည်းများအချိန်မီရောက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)