ကုန်သွယ်မှုသတင်းများ
ယခုဖေဖော်ဝါရီလအတွင်း ထောပတ်သီးဈေးကွက်အခြေအနေ သုံးသပ်ချက်အရ ယခင်လများကဲ့သို့ ပေါပေါများများ တွင်တွင်ကျယ်ကျယ် ရောင်းလိုအားများပြားသည့် အခြေအနေမျိုးမဟုတ်တော့ဘဲ လက်ကျန်အသီးလှလှများကိုသာ ဈေးကောင်းကောင်းဖြင့် ရောင်းချသည့် ထောပတ်လက်ကျန်ကာလ( ထောပတ်တုံးသည့်ကာလ)သို့ရောက်ရှိလာပြီ ဖြစ်ပါသည်။ ထောပတ်သီး ဈေးမြင့်တက်သွားသော်လည်း ဆောင်းအကုန်နွေအကူးကာလ ဖြစ်သောကြောင့်သစ်သီးဖျော်ရည်ဆိုင်များတွင်ထောပတ်သီးများသည်ထွက်ပေါ်လာသည့် စတော်ဘယ်ရီသီးများနှင့်အပြိုင် ရောင်းတန်းဝင်နေဆဲ ဖျော်ရည်တစ်မျိုးဖြစ်ပ

မရမ်းသီးသည် ဟင်းလျာအဖြစ်စားလို့ရသလို သရေစာအဖြစ်စားသုံးလို့ရသည့် ကျန်းမာရေး အထောက်အကူပြုသီးနှံတစ်မျိုးဖြစ်ပါသည်။ မရမ်းသီးသည် ကိုယ်တွင်းအပူလောင်ခြင်း၊ သွေးဝမ်း သွားခြင်း၊ ဝမ်းကိုက်ခြင်းနှင့် သွေးကြောင့်ဖြစ်သောရောဂါတို့ကို သက်သာပျောက်ကင်း စေပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့သစ်၊ အေးသီရိဈေးတွင် ကြက်ဟင်းခါးသီးများကို ရောင်းချလျက်ရှိရာ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် (၃၅၀ဝိ)ကျပ်မှ(၄၀၀ဝိ)ကျပ်ထိ ရောင်းချ လျက်ရှိကြောင်းတွေ့ရှိပါသည်။ ကြက်ဟင်းခါးသီးကို အလုံးလိုက်လည်းရောင်းသလို၊ လှီးပြီးသားများ ကိုလည်း ရောင်းချရကြောင်းသိရှိရပါသည်။

ထောပတ်ပဲ၏ မူရင်းဒေသသည် တောင်အမေရိက (ပီရူး)နိုင်ငံဖြစ်သည်။ ထောပတ်ပဲအား အချို့ဒေသများတွင် “ပဲလိပ်ပြာ” သို့မဟုတ် “ထောပတ်ပဲ” ဟုခေါ်ကြသည်။ ထောပတ်ပဲပင်သည် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး အများအားဖြင့် တစ်ရာသီခံပင် အဖြစ်စိုက်ပျိုးကြသည်။ ထောပတ်ပဲ ပင်တွင် အပင်ပြန့်ပုံစံနှင့် တိုင်တွင်တွယ်တက်သည့် တိုင်ထောင်ပင်ဟူ၍ နှစ်မျိုးရှိပါသည်။ထောပတ်ပဲ ပင်၏ အရွက်နုများ၊ အသီးနုများကို ချက်ပြုတ်၍ စားသုံးနိုင်ပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကလောမြို့၊ အောင်ပန်းမြို့ စသည့်မြို့များသည် လိမ္မော်သီး ထွက်ရှိရာဒေသဖြစ်ပြီး ၎င်းမြို့များရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိကြောင်းသိရှိရပါသည်။
