Main menu

ထောပတ်သီး အသီးလှလှ ၊ ဈေးကောင်းရ ကာလ ရောက်ရှိ

Powered by Drupal

ယခုဖေဖော်ဝါရီလအတွင်း ထောပတ်သီးဈေးကွက်အခြေအနေ သုံးသပ်ချက်အရ ယခင်လများကဲ့သို့ ပေါပေါများများ တွင်တွင်ကျယ်ကျယ် ရောင်းလိုအားများပြားသည့် အခြေအနေမျိုးမဟုတ်တော့ဘဲ လက်ကျန်အသီးလှလှများကိုသာ ဈေးကောင်းကောင်းဖြင့် ရောင်းချသည့် ထောပတ်လက်ကျန်ကာလ( ထောပတ်တုံးသည့်ကာလ)သို့ရောက်ရှိလာပြီ ဖြစ်ပါသည်။ ထောပတ်သီး ဈေးမြင့်တက်သွားသော်လည်း ဆောင်းအကုန်နွေအကူးကာလ ဖြစ်သောကြောင့်သစ်သီးဖျော်ရည်ဆိုင်များတွင်ထောပတ်သီးများသည်ထွက်ပေါ်လာသည့် စတော်ဘယ်ရီသီးများနှင့်အပြိုင် ရောင်းတန်းဝင်နေဆဲ ဖျော်ရည်တစ်မျိုးဖြစ်ပါသည်။ ထောပတ်သီးဖျော်ရည် တစ်ခွက်လျှင် ဈေးနှုန်း ၄၀၀၀ ကျပ် မှ ၆၀၀၀ ကျပ်အထိ ရောင်းချ လျက်ရှိနေပြီး  ဝယ်ယူသောက်သုံးမှုများပြားလျက်ရှိပါသည်။

ထောပတ်သီးသည် သွေးတွင်းမှ အကျိုးမပြုကိုလက်စထရောများကို ကျဆင်းစေ နိုင်ခြင်း၊ သွေးတွင်းသကြားဓါတ်ထိန်းညှိပေးခြင်း၊  နှလုံးသွေးကြောဆိုင်ရာရောဂါများကို လျှော့ချပေးခြင်း အစရှိသည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်သည့်အပြင် ထောပတ်သီးအဆီအနှစ်သည် အသားအရေခြောက်သွေ့အက်ကွဲမှုများကိုပျောက်ကင်းစေ သည့်အတွက် အလှကုန်ပစ္စည်းများတွင်လည်းကောင်း၊ ထောပတ်ဆီသည် ဆံသားများ တောက်ပြောင်စေသောကြောင့်ခေါင်းလျှော်ရည်များတွင်လည်းကောင်းထည့်သွင်းအသုံးပြု လျက်ရှိကြပါသည်။

“ တန်ဆေး၊ လွန်ဘေး ဆိုသကဲ့သို့ပင် ထောပတ်သီး ကို အလွန်အကျွံ စားသုံးပါက ကိုယ်အလေးချိန်တက်ခြင်း၊ Latex Allergy ရှိသူတွေအနေနဲ့ ဓါတ်မတည့်ခြင်းများ ဖြစ်ပေါ် နိုင်စေကြောင်းလည်း လေ့လာသိရှိရပါသည်။ ယခုအချိန်သည် ထောပတ်သီးရာသီချိန် ကုန်ဆုံးလုနီးပါးဖြစ်နေ၍ အသီးလှလှ၊ဈေးကောင်းရကာလဖြစ်ကြောင်းတင်ပြအပ်ပါသည်။

DOCA(ရှမ်း)