ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဓေသကြီး၊ မအူပင်ခရိုင်။ ပန်းတနော်မြို့နယ်မှထုတ်လုပ်သော ယူကေစိန်၊ ရွှေနန်းဦး၊ အမှတ်တရ၊ စိတ်ကြိုက် သင်နှင့် သင်ဖြူးဖျာလုပ်ငန်းကို (၁၁.၂.၂၀၂၅)ရက်နေ့က ကွင်းဆင်း၍ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ကွင်းဆင်းမေး မြန်းခဲ့သည်။

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် စပါးဈေးကွက်အနေဖြင့် ဖေဖော် ဝါရီလပထမပတ်တွင် ဆင်းသုခ၊ မနောသုခ(၄၆)ပေါင် စပါးတင်း(၁၀၀)လျှင် (၁၇၈၄၀၀၀/) ကျပ်ရှိခဲ့ရာမှဖေဖော်ဝါရီလဒုတိယပတ်တွင်(၁၆၅၆၀၀၀/)ရှိခဲ့သဖြင့်စပါးဈေးနှုန်းအနည်းငယ်ကျဆင်းလာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း စပါးကုန်သည် တစ်ဦးထံမှ သိရှိရ ပါသည်။

ပြည်မြို့ရှိဈေးကွက်များတွင် ယခုအချိန်ဖြစ်သော ဖေဖော်ဝါရီလတွင် သင်္ဘောသီး အစိမ်းသီးများရှားလာသဖြင့် ဈေးနှုန်းများလည်းမြင့်တက်လာခဲ့ပါသည်။ သင်္ဘောသီးအစိမ်းများကို သင်္ဘောသီးသုပ်သမားများကဝယ်ယူခြင်းရှိ၍ ဈေးများမြင့်တက်လာခဲ့ပါသည်။ ယခင်နှစ်က ပြည်မြို့၏ဈေးကွက်များတွင်ရောင်းချခဲ့သော သင်္ဘောသီးအစိမ်းဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင် ၁၀၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၇၀၀ကျပ်ဖြင့် ရောင်းချခဲ့ရာ ယခုနှစ်တွင် သင်္ဘောသီး အစိမ်းအကြီးတစ်လုံးလျှင် ၁၅၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၁၀၀၀-၁၂၀၀ကျပ

ပြည်ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလပထမပတ်တွင် ပဲမျိုးစုံအရောင်း အဝယ်ဖြစ်လျက် ရှိပါ သည်။ ဖေဖော်ဝါရီလ ပထမပတ်တွင် မတ်ပဲတစ်တင်းကို ၉၆၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၅၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ပြည်ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီပထမပတ် ပဲစင်းငုံတစ်တင်ကို ၉၁၀၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်၃၀၀ခန့်ရှိပါသည်။ ဖေဖော်ဝါရီလပထမပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၈၆၀၀၀-၈၇၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်နယ်စုံအဝယ် တစ်ရက်ကိုအိတ် ၂၅၀ခန့် ရှိပါသည်။ ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၈၅၀၀၀ကျပ်၊ ပဲကြ

၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်း ငရုပ်သီးခြောက်၊ အာလူးနှင့် ကြက်သွန်ဖြူတို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
