Main menu

ပျားလိမ္မော်သီးများဈေးကောင်းရလျက်ရှိ

Powered by Drupal

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကလောမြို့၊ အောင်ပန်းမြို့ စသည့်မြို့များသည် လိမ္မော်သီး ထွက်ရှိရာဒေသဖြစ်ပြီး ၎င်းမြို့များရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိကြောင်းသိရှိရပါသည်။

ပျားလိမ္မော်သီးသည် အေး၍စိုစွတ်သောရာသီဥတုကိုကြိုက်နှစ်သက်ပြီး အေးသော ရာသီဥတု ရှိသည့် ရှမ်းပြည်နယ်ဘက်တွင် အများဆုံးအောင်မြင်ဖြစ်ထွန်းသည်။ ပျားလိမ္မော်သီးသည် လိမ္မော်သီး မျိုးစိတ်တစ်မျိုးဖြစ်ပြီး အခြားလိမ္မော်သီးများနှင့်မတူဘဲ အချိုဓါတ်အများဆုံးပါဝင်ကြောင်းသိရှိရပါသည်။

ပျားလိမ္မော်သီးကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် တစ်ကြိမ်၊ ဧပြီလနှင့်မေလတွင် တစ်ကြိမ်၊ တစ်နှစ်လျှင်နှစ်ကြိမ် ခူးဆွတ်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ယခုအခါ တောင်ကြီးမြို့ (၅)ရက် တစ်ဈေးတွင် ဒေသခံပြည်သူများ လာရောက်ရောင်းချလျက်ရှိရာ  ၂၅ကျပ်သားလျှင် (၅၀၀၀-၈၀၀၀) ကျပ် ဖြင့် အလုံးအသေးအကြီးပေါ်မူတည်၍ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)