
ကျောက်ဖရုံသီးကို နေရာဒေသမရွေး စိုက်ပျိုးကြပါသည်။ ကျောက်ဖရုံသီးကို တန်ခူး၊ ကဆုန်မိုးဦးကျကာလတွင် စိုက်ပျိုးကြပြီး မိုးတွင်းတတွင်းလုံး အပင်ဖြစ်ထွန်းပြီး အသီးအမှည့်များ ဝေဝေဆာဆာဖြစ်ထွန်းကာ တော်သလင်း၊သီတင်းကျွတ်တွင် အသီးများခူးဆွတ်ရပါသည်။
ကျောက်ဖရုံသီး ကို အလှူ၊မင်္ဂလာဆောင်၊စတုဒီသာ ကျွေးမွေးဧည့်ခံပွဲများတွင် ဝက်သားနှင့် ကျောက်ဖရုံ ဝက်သပြွန်းဟင်း၊ ကြက်သားနှင့်ကျောက်ဖရုံကြက်သပြွန်း ဟင်းချက်၍ အချဉ်သုပ်၊ ငရုတ်သီးကြော်ဖြင့် တည်ခင်းကျွေးမွေးကြပါသည်။
ဈေးကွက်အတွင်း၌ ကျောက်ဖရုံ သီးတစ်လုံးလျှင် အလုံးအရွယ်အစားအကြီးအသေး ပေါ်မူတည်၍(၁၅၀၀)မှ (၆၀၀၀)ထိ ရောင်းချလျက်ရှိပြီး အစိတ်ကလေးများစိတ်ကာတစ်စိတ် (၅၀၀)မှ (၁၀၀၀)ဖြင့်လည်း ရောင်းချလျက်ရှိပါသည်။
DOCA(တနင်္သာရီ)