Main menu

ကန့်ဘလူမြို့မဈေးအတွင်း ဖြစ်ပေါ်နေသော ‌ရွှေဖရုံသီး ဈေးနှုန်းအခြေအနေ

Powered by Drupal

            ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်း၌ ရွှေဖရုံသီးများကို ရောင်းချလျက်ရှိရာ ရွှေဖရုံသီးကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး ယခု ရာသီကာလများတွင် ကန့်ဘလူမြို့နယ် တစ်ဝိုက်ရှိ ကျေးရွာများ နှင့် ‌ရေဦးမြို့တို့မှ ဝယ်ယူ‌ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

            ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကန့်ဘလူမြို့၏ ရွှေဖရုံသီးဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး (အကြီး) တစ်လုံးလျှင်(၄၀၀၀)ကျပ်၊ ရွှေဖရုံသီး(အလတ်)တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ ရွှေဖရုံသီး (အ‌သေး) တစ်လုံးလျှင်(၁၅၀၀)ကျပ်၊ ‌ရွှေဖရုံသီး တစ်ပိဿာလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းနှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း  ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံမျိုးစုံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)