Main menu

မရမ်းသီးဈေးကျ

Powered by Drupal

မန္တလေးဈေးကွက်အတွင်းသို့ တောင်ငူ၊ ပဲခူးနယ်မှ လာသော မရမ်းသီးများ လှိုင်လှိုင်ဝင်ရောက် လျှက်ရှိပါသည်။ ရာသီစာဖြစ်သော မရမ်းသီးများကို ပေါ်ဦးပေါ်စ ဒီဇင်ဘာလဆန်းပိုင်းမှ စ၍ ဈေးကွက် အတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။ စတင်ထွက်ပေါ်ချိန်၌ မရမ်းသီးတစ်ပိဿာလျှင် (၉၀၀၀၀)ကျပ်၊ တစ်ဆယ်ကျပ်သားလျှင်(၉၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရှားရှားပါးပါးဝယ်ယူရပါသည်။ ယခုအချိန်တွင် မရမ်းသီးများ ဖြိုင်ဖြိုင်ဝင်ရောက်လာပြီးဖြစ်၍ မရမ်းသီးဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့ပါသည်။ လက်ရှိအချိန်တွင် ဈေးကွက်အတွင်း၌ မရမ်းသီးတစ်ပိဿာလျှင် (၄၀၀၀၀/၅၀၀၀၀)ကျပ်၊ တစ်ဆယ် ကျပ်သားလျှင်(၄၀၀၀/၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိခြင်းကြောင့် ဈေးနှုန်းများ သိသိ သာသာ ကျဆင်းသွားကြောင်း သိရှိရသည်။ မရမ်းသီးကို ပုဇွန်ခြောက်၊ ငရုတ်သီးစိမ်းဖြင့် ထောင်းစား၍ သော်လည်းကောင်း၊ မရမ်းသီးအသုပ်သုပ်၍သော်လည်းကောင်း၊ ဟင်းချက်၍သော်လည်းကောင်း စားသုံး ကြသည်။

DOCA(မန္တလေး)