ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၁၉၈၀ခုနှစ်ခန့်မှစတင်၍ ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရန် (၁၀၀)စီမံကိန်းအဖြစ်စတင်လုပ်ကိုင်ခဲ့ပါသည်။ လက်ပံတန်းမြို့ နယ်သည် ဧရာဝတီမြစ်ကမ်းနံဘေးတွင်တည်ရှိပြီး မြစ်မခမြစ်ရေများ ဖြတ်သန်းစီးဆင်းသဖြင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ရေကြီးရေလျှံ ရေနက်ကွင်းများရှိပါသည်။
လက်ပံတန်းမြို့နယ်တွင် ငါးကန်ဧရိယာပေါင်း ၄၈၅၀ ဧကရှိပါသည်။ ရေပေါ်ငါး၊ ရေလယ်ငါး၊ ရေအောက်ငါး ဟူ၍ငါးအမျိုးအစား (၃)မျိုးရှိပါသည်။ ငါးမြစ်ချင်း၊ ငါးအများစု သည် ရေပေါ်တွင် အနေများသဖြင့် ရေပေါ်ငါးဟူ၍လည်း ကောင်း၊ငါးဒန်၊ ငါးခေါင်းပွ၊ ငါးမုတ်ငါးများသည် ရေအလယ် တွင် အများဆုံးနေထိုင်သဖြင့် ရေလည်ငါးဟူ၍လည်း ကောင်း၊ငါးကြင်းဖြူ ဇီလား ဘီးယားငါးများ သည် ရေအောက်တွင်အနေများသဖြင့် ရေအောက်ငါးဟူ၍လည်းကောင်း ခေါ်ဝေါ်ကြပါသည်။ လက်ပံတန်းမြို့နယ်တွင် ငါးမြစ်ချင်းငါးကို အများဆုံးမွေးမြူကြသည်။ ငါးမွေးမြူခြင်း လုပ်ငန်းကို လက်ပံတန်းမြို့နယ် ဘီးလင်းတန်းအုပ်စု မဟာဗျူဟာလမ်း ဖိုးကတိုးကျေးရွာတွင် မွေးမြူထား ကြောင်းလေ့လာသိရှိရပါသည်။
ငါးသားပေါက်အရွယ်မှစတင်၍ ရောင်းတန်းဝင်ငါးများအထိ မွေးမြူရာတွင် မွေးမြူရေးကန် များအဆင့်ဆင့်ပြောင်းလဲပြီး ထည့်သွင်းမွေးမြူကြရပါသည်။၁ဧကကျယ်ဝန်းသော သားပေါက်ငါး ကန်(၅)ကန်ထဲသို့၁လက်မ၊၂လက်မအရွယ် ငါးမြစ်ချင်းသားပေါက် အကောင်ရေ (၅၀၀၀၀)ခန့်ထည့် ၍မေးရပါသည်။သားပေါက်၁ကောင်လျှင် ၁၈ကျပ်နှုန်းဖြင့် ရန်ကုန်တိုင်းဒေသကြီး ဥက္ကံငါးသား ဖောက်စခန်းမှ ဝယ်ယူရပါသည်။၁၀လကြာလျှင် ၄လက်မ၅လက်မသား အရွယ်ရောက်ရှိသော ငါးများကိုဖွကန်ခေါ်သော ၅ဧကကျယ်ဝန်းသော ကန်(၂)ကန်ထဲသို့ပြောင်းထည့်မွေးရပါသည်။ဖွကန် ထဲတွင် ၁၀လကြာပြီးနောက် ၁၅ကျပ်သား၊၂၀ကျပ်သား အရွယ်ရောက်လာလျှင် ၁၀ဧကကျယ်ဝန်း သော ငါးကန်ကြီးထဲသို့ နောက်ဆုံးအဆင့်ထည့်သွင်းမွေးမြူရပါသည်။ငါးအကောင် (၅၀၀၀၀)မွေးမြူ လျှင်အသေအပြောက် (၃၀၀၀)ခန့်ရှိပါသည်။
ငါးသားပေါက်(၅၀၀၀၀)ကိုတနေ့လျှင် ပဲဖတ် ၂ပိဿာနုဖွဲနု ၃ပိဿာနေ့စဉ်ရောစပ်ကျွေးရပါ သည်။ပဲဖတ်တစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ဖွဲနုတစ်ပိဿာလျှင် ၁၁၈၀ကျပ်ဖြင့် ငါးသားပေါက်များကို ၁၀လကြာသည်အထိကျွေးရပါသည်။
၁၀လကြာမွေးမြူထားသော ငါးများကိုဖွကန်ထဲသို့ပြောင်းထည့်၍ အစာကျွေးရာတွင် တစ် နေ့လျှင်ဖွဲနု(၂)အိတ်မှစတင်ပြီး(၅)အိတ်အထိ(၈)လကြာကျွေးရပါသည်။ဖွဲနုတစ်အိတ်လျှင် ၂၂၀၀၀/ ဖြင့်ဝယ်ကျွေးရပြီး ယခင်နှစ်ဖွဲနုတစ်အိတ် ဈေးနှုန်းမှာ(၁၇၅၀၀)ကျပ်ခန့်သာ ဝယ်ယူရပါသည်။၈လ ကြာမွေးမြူပြီးသော ငါးများကို(၁၀)ဧက ကျယ်ဝန်းသော အသားတိုးကန်ထဲသို့ ပြောင်းလဲထည့်သွင်း ပြီးတစ်နေ့လျှင် ဖွဲနု(၃)အိတ်မှစပြီး (၈)လကြာ ၁လလျှင် ၂အိတ်၃အိတ်တိုး၍ ငါးကြီးသည်အထိ ကျွေးရပါသည်။အသားတိုးကန်ထဲတွင်(၈)လကြာမွေးမြူပြီးပါက၁ပိဿာနှင့်၁ပိဿာ၅၀ ကျပ်သား ဝန်ကျင်နီးပါးရှိ ငါးဒိုင်များနှင့် ရန်ကုန်သို့တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။
ငါးသားပေါက်အရွယ်မှ၁ပိဿာနှင့်၁ပိဿာ၅၀ကျပ်သား အရွယ်အထိစုစုပေါင်းကုန်ကျစရိတ် မှာ၅၉၄သိန်းခန့်ရှိပါသည်။ငါးကန်များကို စောင့်ကြည့်ရန်နှင့်အစာကျွေးရန် အစောင့်လုပ်သား ငှား ရမ်းရပါသည်။အလုပ်သမားခတစ်ဦးအတွက် တစ်လလျှင် ၁၅၀၀၀၀/ကျပ်ရှိပြီးတစ်နှစ်လျှင် ၁၈ သိန်း ခန့်ကုန်ကျပါသည်။ငါးဖော်ယူရာတွင် ပိုက်ခ ၆၀၀၀၀/ကျပ်၊ အလုပ်သမားအယောက်(၂၀)လိုအပ်ပြီး ၃ရက်ဆွဲခ ၉သိန်းခန့်ရှိပါသည်။ငါးတစ်ပိဿာလျှင် ပျမ်းမျှရမ်းရငွေ (၆၀၀၀)ကျပ်ဖြစ်ပြီး ငါး ၁၅၀၀၀ ရောင်းရငွေမှာ သိန်း ၉၀၀ခန့်ရှိပါသည်။ကုန်ကျစရိတ်၊အစာ၊လုပ်အားခနှင့်ငါးသေ ၃၀၀၀အတွက် အားလုံးနှုတ်ပြီးရရှိသည့် အမြတ်မှာအနည်းဆုံး ၂၅၀သိန်းခန့်ရှိကြောင်း သိရှိရပါသည်။
ငါးမွေးမြူရာတွင်ငါးစာကျွေးသည့် နည်းစနစ်များ မတူညီကြချေ။ရေပေါ်အစာတောင့်၊ရေ ရေအောက်အစာတောင့်၊ဖွဲနု၊ပဲဖတ်စသည်ဖြင့် ကန်ပိုင်ရှင်များမှ ရွေးချယ်အသုံးပြုကြပါသည်။ဖွဲနု ဈေးအသက်သာဆုံးနှင့်အပေါများဆုံး အချိန်ဖြစ်သည့် စပါးသစ်ပေါ်ချိန်တွင် ထွက်ရှိလာသော ဖွဲနုများကို အစာအခြောက်တောင့် ပြုလုပ်ထိန်းသိမ်းခြင်းသည် ငါးမွေးမြူရေးသမားများအတွက် အရေးကြီးသောလိုအပ်ချက်ဖြစ်သည်။ပြည်တွင်းငါးဈေးနှုန်းကြီးမြင့်မှု့ကိုလည်း ထိန်းကျောင်းနိုင် ကြောင်းသိရှိရပါသည်။နွေရာသီတွင် အပူချိန်မြင့်မားလာပါက ငါးအသေအပျောက် ဖြစ်ပေါ်နိုင်ခြင်း ကြောင့်ရေ၏အသွေးအသွေ့ကောင်းမှ ငါးအထွက်ကောင်းမှာဖြစ်၍ ရေလည်းလိုအပ်ကြောင်း ငါးကန်မားများမှာ အစာဈေးကြီးသဖြင့် အခက်အခဲများရှိကြောင်း ငါးကန်ပိုင်ရှင်များအတွက် သားပေါက်စခန်း၊ သားပေါက်ရောင်းချသည့်စခန်း၊ အစာတောင့်ထုတ်လုပ်ရန်စက်ရုံနှင့် ငါးမွေးမြူ ခြင်းနည်းပညာလိုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)