ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ဘုကြီးအုပ်စု၊ ပုဏ္ဏရိပ် ကျေးရွာရှိ စတားစီးတီးသောက်ရေသန့်စက်ရုံသို့(၆.၂.၂၀၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန မှမြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းတစ်ဦးသည် ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။
စတားစီးတီးသောက်ရေသန့်အား တစ်နေ့လျှင် ၆၀၀၀လီတာထုတ်လုပ်ပြီး ၂၀လီတာဘူးကြီး (၃၀၀)ခန့်ဖြန့်ဝေလျက်ရှိကြောင်း ၂၀လီတာဘူကြီးများအား ကြို့ပင်ကောက်မြို့တွင်း၌ပင် ဖြန်ဝေ၍ တစ်ဘူးလျှင် ၇၀၀/၈၀၀ ပေးရပြီး အိမ်အရောက်ပို့လျှင် ၁၀၀၀/ကျပ်နှုန်းဖြင့်ဖြန်ဝေပါကြောင်း ၁လီ တာဘူး ၀.၆လီတာဘူး၊၀.၃လီတာဘူးများကို ယခုလက်ရှိမထုတ်လုပ်မဖြန့်နိုင်ပါက အလှူအတန်း များမှသာထုတ်လုပ်ပေးပါကြောင်း ကုန်ကြမ်းအနေဖြင့် ၂၀လီတာဘူးခွံအကြီးတစ်ဘူးကို ၁၈၀၀၀/ တစ်လီတာဘူးခွံတစ်ဘူးကို ၂၅၀/ ဝယ်ရကြောင်း လျှပ်စစ်မီးပုံမှန်လာလျှင် ပိုမိုထုတ်လုပ်နိုင်ကြောင်း ယခုဆောင်းတွင်းကာလတွင် အရောင်းအဝယ်ပုံမှန်ရှိပြီး ရာသီဥတုပူလာလျှင် ပိုမိုထုတ်လုပ်ရောင်းရ မည်ဖြစ်ပါကြောင်း အလုပ်သမားကျား/မ (၁၀)ဦးဖြင့် နေ့စဉ်လည်ပတ်လျက်ရှိပြီး စတားစီးတီး သောက်ရေသန့်သည် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိကြောင်း ကွင်းဆင်းသိရှိရပါသည်။
DOCA(ပဲခူး)