![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/85_19.jpg?itok=BN3o5ux1)
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲ လျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ ကိုလေ့လာ၍ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်အထက်အဆင့်ဆင့်သို့တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်း မြို့မှတစ်ဆင့် မုံရွာမြို့ရှိ လက္ကားကုန်သည်များမှတစ်ဆင့် မုံရွာခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း မုံရွာမြို့၊ ကန်သာယာဈေးရှိ အာလူးသီးဈေးနှုန်း များမှ အာလူးသီး (၁) ပိဿာလျှင် ၆၀၀၀ ကျပ်၊ ၈၀၀၀ ကျပ် တို့ဖြင့် ရောင်းချကြောင်း၊ ဇန်နဝါရီလ နောက်ဆုံးအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် အာလူးသီး (၁) ပိဿာ ဈေးနှုန်း ကွာဟမှုမရှိပဲ ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)