ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံ၏ အထက်အညာဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် သည်အပူပိုင်းဒေသဖြစ်သည့်အတွက် အပူပိုင်းတွင် ပေါက်ရောက်တက်သော ဆေးဖတ်ဝင်အပင် တစ်မျိုးဖြစ်သည့် သမားမုန်းသည့် ဆေးဘက်ဝင် သမုန်းပွင့်များဖူးပွင့်လျက်ရှိပါသည် ။ ဖူးပွင့်နေသော သမုန်းပွင့်လေးများအား သေချာစွာခူးယူ၍ အပွင့်အစိမ်းအတိုင်း ရောင်းချကြသလို အဖူးအပွင့်လေး များကိုရေနွေးဖြင့်ဖျော၍ ရောင်းချကြပါသည်။ ယခု ဖေဖော်ဝါရီလ နှင့် မတ်လများတွင် ဖြိုင်ဖြိုင် ထွက်ပေါ်လေ့ရှိပါသည် ။ ရာသီပေါ်သမုန်းပွင့်များကို ဆေးဖက်ဝင

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ နေကြာသီးနှံကိုလည်း တောင်သူများ သီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်လည်းစိုက်ပျိုးကြ ပါသည်။ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် နေကြာ(ဆောင်း)ကို ကျောက်ဆည်မြို့နယ်တွင်(၁၀၂၇၄)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၂၁၃၈)ဧက၊မြစ်သားမြို့နယ်တွင်(၅၆၂၇)ဧက၊ စုစုပေါင်း(၂၈၀၃၉)ဧက စိုက်ပျိုး နိုင်ခဲ့ပြီး အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ နေကြာ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံပြီး သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျှက်ရှိရာ ၄င်းသီးနှံများအနက် ကုလားပဲ(ဆောင်း)သီးနှံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၃၀၀၉၈)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၆၃၀၄)ဧက ၊ မြစ်သားမြို့နယ်တွင် (၃၂၇၇၅)ဧက၊စုစုပေါင်း(၇၉၁၇၇)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ကုလားပဲ(ဆောင်း)ကို ယာမြေများ၌ အောက်တိုဘာလတွင် မိုးရေအစိုဓါတ်ဖြင့်စိုက်ပျိုးကြသလိုအချို့တောင

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ဆီးချဉ်သီး နှင့်ဆီးချိုသီးများစတင်ထွက်ပေါ်လျှက်ရှိပါသည်။အညာဒေသတွင် တောင်သူဦးကြီးများမှ မိမိတို့ တောနေအရိပ်ရရန်အတွက် လယ်ကန်သင်းခုံများတွင် ဆီးချဉ်သီးပင်များကို စိုက်ပျိုးထားကြပါသည်။ အများအားဖြင့် ဆီးချဉ်ပင်သည် အလေ့ကျပေါက်ရောက်သောအပင်မျိုးဖြစ်ပါသည်။မြို့နယ်အတွင်း အများဆုံးပေါက်ရောက်သောရွာများမှာ တောင်တွင်း၊တောင်တော်နှင့်ဒါးရဲကောင်းရွာများတွင် အများ ဆုံးပေါက်ရောက်ကြပါသည်။ ဆီးချဉ်ပင်သည် အညာဒေသ၏ နေရာတော်တော်မျ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် နနွင်းများ၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလ ပထမပတ် တွင်စတင်တူးဖော်လျှက်ရှိရာ နနွင်းများစတင်တူးဖော်ချိန်တွင် စျေးနှုန်းများ ကောင်းမွန်လျှက်ရှိပါ သည်။မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နနွင်းစိုက်ဧက(၁၀၄၅)ဧက စိုက်ပျိုးထားရှိ ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည် ။ နနွင်းရိတ်ဧက မပေါ်သေးသော်လည်း အစောစိုက်တောင်သူများမှ စတင်တူးဖော်လျှက်ရှိပါသည် ။ နနွင်းစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစ
