![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/22_41.jpg?itok=6z9IhAUT)
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံပြီး သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျှက်ရှိရာ ၄င်းသီးနှံများအနက် ကုလားပဲ(ဆောင်း)သီးနှံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၃၀၀၉၈)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၆၃၀၄)ဧက ၊ မြစ်သားမြို့နယ်တွင် (၃၂၇၇၅)ဧက၊စုစုပေါင်း(၇၉၁၇၇)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ကုလားပဲ(ဆောင်း)ကို ယာမြေများ၌ အောက်တိုဘာလတွင် မိုးရေအစိုဓါတ်ဖြင့်စိုက်ပျိုးကြသလိုအချို့တောင်သူများမှာ ရေစက်များဖြင့်ရေတင်၍လည်း စိုက်ပျိုး ကြကြောင်းသိရှိရပါသည်။ကုလားပဲကိုမျိုးအနေဖြင့် V2မျိုးနှင့် ရိုးရိုးကုလားပဲလုံးသေးမျိုးဟူ၍(၂)မျိုး ရှိပြီး V2 ကုလားပဲမျိုးကိုသာအများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် မျိုးစေ့ တစ်တင်း၊တစ်တင်းခွဲနှုန်းခန့်ပတ်ကြဲရကြောင်း၊တောင်သူများအနေဖြင့် ကုလားပဲမျိုးကို မိမိအိမ်တွင် သေချာစွာသိမ်းဆည်းထားပြီး မျိုးအဖြစ်အသုံးပြုသလို အချို့တောင်သူများသည် စိုက်ပျိုးချိန်တွင် ပွဲရုံများမှဝယ်ယူ၍စိုက်ပျိုးကြကြောင်း၊(၁)ဧက ကုန်ကျ စရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ အပါအဝင်စုစုပေါင်း(၃၀၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ယာမြေများတွင်စိုက်ပျိုး ထားသော အစောစိုက်ကုလားပဲများ ယခုအချိန်တွင်စတင်ထွက်ရှိ နေပြီဖြစ်ကြောင်း၊(၁)ဧက အထွက်နှုန်း အနေဖြင့်(၉-၁၀)တင်းခန့်ထွက်ရှိကြောင်း ယခင်နှစ်ကုလားပဲ စျေးနှုန်အနေဖြင့် ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင်(၇၈၀၀၀)ကျပ်၊ ကုလားပဲ(V2)တစ်တင်းလျှင် (၈၆၀၀၀)ကျပ် စျေးနှုန်းများ ရှိခဲ့ပြီး ယခု ကုလားပဲပေါ်ချိန်တွင်ကုလားပဲ(ရိုးရိုး)တစ်တင်းလျှင်(၆၅၀၀၀) ကျပ် ၊ ကုလားပဲ(V2)တစ်တင်းလျှင် (၇၃၀၀၀)ကျပ်စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း (၁)ဧက အကျိုးအမြတ်အနေဖြင့် (၃၅၀၀၀၀)ကျပ် ဝန်းကျင်မြတ်ကြောင်း၊ ကုလားပဲစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာပြီး အချိန်ကုန်သက်သာ ခြင်းကြောင့် မိသားစုအပိုဝင်ငွေ ရရှိသောကြောင့် စိုက်ပျိုးသင့်သော သီးနှံ ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)